Wednesday 19 April 2023

ဒီးမော့ဆို တိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သား ၃၀ နီးပါး သေဆုံးပြီး လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းရရှိ


ဒီးမော့ဆို တိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သား ၃၀ နီးပါး သေဆုံးပြီး လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းရရှိ 


ရန်ကုန်၊ ဧပြီ ၁၉ 


ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတကြီးအုပ်စု၊ ဒေါညီကို ကျေးရွာအနီး တွင် ၂ ရက်ကြာ တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၃၀ ခန့်သေဆုံးကာ လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။


ဧပြီလ ၁၆ ရက် နံနက် ၇ နာရီခွဲခန့်အချိန်မှ စတင်ပြီး ဒီးမော့ဆိုမြို့နယ်၊ အရှေ့ ဘက် ခြမ်း၊ ဒေါတမကြီးအုပ်စု၊ ဒေါညီကို ကျေးရွာသို့ အင်အား ၁၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို KA/KNDF ပူး ပေါင်း တပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ ဧပြီလ ၁၇ ရက်နေ့အထိ ၂ ရက်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၃၀ ခန့် သေဆုံးကာ လက် နက် ခဲယမ်းအများအပြား သိမ်း ဆည်း ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


"စစ်ကောင်စီဘက်က သေတာက ၂၀နဲ့ ၃၀ နီးပါးလောက်သေတယ်၊ အဲဒီ ဒေါတကြီးအုပ်စုမှာ အခုထိ စကစရော၊ ကျနော်တို့ဘက်ရော ရင်ဆိုင်ရှိ နေတုန်း ပဲ၊ ကျနော်တို့ဘက်က KA ရဲဘော်တစ်ဦးကျဆုံးတယ်၊ အနည်းအပါး ထိခိုက် ဒဏ်ရာရတာတွေ လည်းရှိတယ်” ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်း ထုတ်ပြန် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။


အထိနာသော အကြမ်းဖက်စစ်တပ်က ဧပြီလ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် တိုက်လေယာဉ်ဖြင့် တစ် ကြိမ်၊ ညနေ ၃ နာရီခွဲခန့်တွင် တစ်ကြိမ်၊ ဧပြီလ ၁၇ ရက်နေ့ ည ၁၂ နာရီခန့်တွင် တစ်ကြိမ်၊ ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့် တွင် တစ်ကြိမ် တိုက်လေယာဉ် ဖြင့်လာရောက်ဗုံးကျဲခဲ့သည့်အပြင် လက် နက် ကြီး များ ဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း သိရသည်။


အဆိုပါတိုက်ခိုက်မှုကို KA ၊ KNDF B/10 ၊ B/05၊ B/06 ၊ B/01 ၊ B/16 ၊B/15 ၊ KNDF ETD ၊ လွိုင်ကော် PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ် ဘက်မှလည်း တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၅ ၊ ခမရ ၅၅ ၊ ခမရ ၈၀ တို့ပူးပေါင်းထားကြောင်း သိရသည်။ 

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...