Wednesday, 19 April 2023
ဆားလင်းကြီးမြို့နယ် ရဲစခန်းကို PDF တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
ဆားလင်းကြီးမြို့နယ် ရဲစခန်းကို PDF တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဧပြီ ၁၉
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ရဲစခန်းကို ယမန်နေ့ ညပိုင်းက PDF တပ်ဖွဲ့များမှ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Na Yar PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၁၈ ရက်နေ့ ည ၁၀ နာရီ ၁၈ မိနစ် မှ ၁၂ နာရီ ၃၀ မိနစ် ထိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဆားလင်းကြီး ရဲစခန်းကို ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး အခြေစိုက် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
"စစ်ခွေးတွေထိခိုက် သေဆုံးမှု အခြေအနေတော့ မသိရသေးဘူး။ ပြည်သူ့ ကာကွယ်ရေး ရဲဘော် တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်" ဟု Chindwin Toe Na Yar PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Chindwin Toe Na Yar PDF၊ FBGA၊ Salingyi Bowdar Task Force၊ BED ငညို၊ ခရိုင်ရင်း၂၉ ဒေါင်းမင်းတပ်ရင်း၊ တပ်ခွဲ၂၊ MRDA Yinmarbinတပ်ခွဲ၊ Power54ထုတ်လုပ်ရေးအဖွဲ့၊ စွန်ရဲ၊ တောကျီးကန်း၊ EAgle၊ မဲမှောင် နှင့် Arlarwaka တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
Mr Kyi Hlah, who was a winner of a raffle fundraising ticket that was made for supporting the local anti-junta resistance forces in Khin-U ...
-
Thai military raids Mae Sot hideout of supposed anti-regime forces March 23, 2023 The Thai military raided a four-story building in Mae Sot...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...

No comments:
Post a Comment