Tuesday 18 April 2023

ကနီတွင် စစ်တပ်၏ တာဝါတိုင်စခန်းကုန်းကို တိုက်ခိုက်သိမ်းဆည်းမှုအတွင်း သေဆုံးသွားခဲ့သည့် စစ်သား ၂၀ ဦးခန့်တွင် ဗိုလ်ကြီး သွဲ့လင်းထက် အပါအဝင် အရာရှိ တချို့ပါဝင်


 ကနီတွင် စစ်တပ်၏ တာဝါတိုင်စခန်းကုန်းကို တိုက်ခိုက်သိမ်းဆည်းမှုအတွင်း သေဆုံးသွားခဲ့သည့် စစ်သား ၂၀ ဦးခန့်တွင် ဗိုလ်ကြီး သွဲ့လင်းထက် အပါအဝင် အရာရှိ တချို့ပါဝင်


ရန်ကုန်၊ ဧပြီ ၁၈

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ စစ်တပ်အင်အား ၃၀ ခန့် အထိုင်ချထားသော တာ ဝါ တိုင် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ စစ်သား ၂၀ ဦးခန့် သေဆုံးခဲ့ပြီး သေဆုံးသူများတွင် ဗိုလ်ကြီး သွဲ့လင်းထက် အပါအဝင် အရာရှိတချို့ပါဝင်ကြောင်း ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့သတင်းရင်းမြစ်က ပြောသည်။

ဧပြီလ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်မှ  နံနက် ၈ နာရီအထိ စစ်ကိုင်း တိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ စစ်အင်အား ၃၀ ခန့် ရှိသော စစ်ကောင်စီ တပ်၏ တာဝါတိုင်စခန်း ကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (ယင်း မာပင်ခရိုင်) တပ်ရင်း(၁)မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ ကြောင်း၊ စခန်းတိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်တပ်ဘက်မှ ထွက်ပြေးသူ များလည်း ရှိပြီး ဖမ်းဆီးရမိသူ တချို့လည်း ရှိကြောင်း၊ သေဆုံးသူများနှင့် ဖမ်းဆီးရမိ သူများ တွင် ဗိုလ်ကြီး သွဲ့လင်းထက်နှင့် အရာရှိတချို့လည်းပါဝင်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ တာဝါတိုင်စခန်းကို သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်း သိမ်းဆည်း ရရှိမှုအနေဖြင့် -

(၁) MA-2 (၃) လက်
(၂) MA - 11 (၆) လက်
(၃) MA - 3 (၅)လက်
(၄) MA - 4 (၁)လက်
(၅) MA ကျည်ဘောက် (၈)ခု
(၆) ၅.၅၆ ကျည် (၉၃၈၀) တောင့်
(၇) 60mm - ပြောင်းတို (၁)လက်
(၈) 60 mm ဗုံးသီး (၅၀) လုံး
(၉) 40 mm ဗုံးသီး (၅၇) လုံး
(၁၀) လက်ပစ်ဗုံးသီး (၅၆) လုံး
(၁၁) ရှေ့ထွက်မိုင်း (၁၀) လုံး
(၁၂) နင်းမိုင်း (၂၉) လုံး
(၁၃) Detonator(လက်ပစ်) (၃၇) ခု
(၁၄) Detonator (မိုင်း) (၄၅) ခု
(၁၅) ချပ်ဝတ်တန်ဆာ (၂) ခု
(၁၆) ငွေကျပ် (၁၁၁၀၀) ကျပ် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ တာဝါတိုင်စခန်းသည် မုံရွာ-ယာကြီး-ကလေး လမ်မဘေး မိုင်တိုင် ၄၉ တွင် တည်ရှိပြီး  စစ်ကောင်စီဆက်သွယ်ရေး တာဝါတိုင်စခန်းတစ်ခု လည်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်တပ်က စစ်အင်အားတိုးချဲ့ပြီး ယမန်နေ့ တိုက်ခိုက်သိမ်းပိုက်ခံ ရသော တာဝါတိုင်စခန်းကုန်းကို ပြန်လည် နေရာယူထားကြောင်း သိရှိရသည်။

No comments:

Post a Comment

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

 ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ ရန်ကုန်၊ စက်တင်ဘာ ၈  ပခုက္ကူမြို့နယ...