Tuesday 18 April 2023

သန်လျင်တွင် မင်္ဂလာဒုံ လေတပ်စစ်လက်နက် ပစ္စည်းထောက်ပံ့ရေးတပ် (လပစ) တပ်မှူး/ ဌာနခွဲမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်းနှင့် အပေါင်းအပါ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး


 သန်လျင်တွင် မင်္ဂလာဒုံ လေတပ်စစ်လက်နက် ပစ္စည်းထောက်ပံ့ရေးတပ် (လပစ) တပ်မှူး/ ဌာနခွဲမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်းနှင့် အပေါင်းအပါ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ ဧပြီ ၁၈ 


ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းလမ်းရှိ နေအိမ်တွင် မင်္ဂလာဒုံ လေတပ်စစ်လက်နက် ပစ္စည်းထောက်ပံ့ရေးတပ် (လပစ) တပ်မှူး/ ဌာနခွဲမှူ း ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်းနှင့် အပေါင်း အပါ ၂ ဦး ပစ်ခတ်ခံရ‌ပြီး သေဆုံးသွားကြောင်းသိရှိရသည်။ 


ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းလမ်း၊ အမှတ် ၃၆ နေအိမ်တွင် ဒုတိယ ဗိုလ်မှူးကြီး ကျော်စွာထွန်းနှင့် အပေါင်းအပါ ၂ ဦးတို့ စကားပြော နေကြစဉ် နေအိမ်အတွင်းသို့ သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်သဖြင့် ၃ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်းသည် မင်္ဂလာဒုံ လေတပ်စစ်လက်နက် ပစ္စည်းထောက်ပံ့ရေးတပ် (လပစ) တပ်မှူး/ ဌာနခွဲမှူးဖြစ်ပြီး အရက် အလွန် သောက်သူဖြစ်၍ ဆေးခွင့်ဖြင့် သန်လျင် နေအိမ်ပြန် အနားယူနေစဉ် ပစ်ခတ်ခံ ရပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"ပစ်ခတ်ခံရလို့ သေတာက လေတပ်အရာရှိနဲ့ ရဲဘော်တွေလို့ သိရပါတယ်။ အခုတော့ သန်လျင်တစ်မြို့လုံးကို ပိတ်ဆို့ စစ်ဆေးနေတယ်။ တံတား တွေလည်း ပိတ်ထားတယ်။ လိုင်းကားတွေအပေါ် အထိ တက်ရှာတယ်။ လေတပ်အရာရှိက အရက်နာ ကျလို့ ဆေးခွင့်နဲ့ နေပြန်နေတုန်း အပစ်ခံရပြီး သေဆုံးတာပါ။ ဒုတိယဗိုလ်မှူးကြီးကျော်စွာထွန်းရယ်၊ သူ့ဘော်ဒီဂတ်ရယ်၊ သူ့ဦးလေးရယ် သေတာ" ဟု သန်လျင်ဒေသခံတစ်ဦးက ဆိုသည်။ 


စစ်ကောင်စီ၏ သတင်းစာမျက်နှာ News of Myanmar ၏ သတင်း ထုတ်ပြန်ချက်တွင်မူ သန်လျင်ပစ်ခတ်မှုကြောင့် ဦးအောင်မျိုးဆွေ (၅၃ နှစ်)၊ ဦးအောင်ညီထွန်း (၄၈ နှစ်)နှင့် ဦးခင်မောင်သိန်း (၅၈ နှစ်)တို့ ၃ ဦး သေဆုံး ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း သတင်းထုတ်ပြန်ချက်တွင် ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်း အမည်ကို မထည့်သွင်းဘဲ လွဲမှား သတင်း ထုတ်ပြန်ထားသည်ဟု တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။  


အလားတူ မတ်လ ၃၁ ရက်နေ့ မြောက်ဒဂုံတွင် မင်္ဂလာဒုံ လေတပ် စခန်း ဌာနချုပ်၊ လေကြောင်းလက်နက်ပြင်ဆင်ရေးဌာန၏ ဒုဌာနမှူး ဒုတိယ ဗိုလ်မှူးကြီး မြင့်ဝေ နေအိမ်ရှေ့တွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ၊ သို့ရာတွင် စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် ဒုတိယဗိုလ်မှူးကြီး မြင့်ဝေ ပစ်ခတ်ခံရမှုကို တစ်စုံတစ်ရာ ထည့်သွင်းခြင်းမပြုဘဲ သတင်းဖုံးကွယ် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- ပစ်ခတ်ခံရပြီး သေဆုံးသူ လေတပ်အရာရှိ ဒုတိယဗိုလ်မှူးကြီး ကျော်စွာ ထွန်း။

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...