Tuesday 18 April 2023

ရေးမြို့ ရဲစခန်းနှင့် မော်ကျွန်းမြို့ရှိ ခမရ ၅၃၄ တို့ကို ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်


 ရေးမြို့ ရဲစခန်းနှင့် မော်ကျွန်းမြို့ရှိ ခမရ ၅၃၄ တို့ကို ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်


ရန်ကုန်၊ ဧပြီ ၁၈ 


မွန်ပြည်နယ်၊ ရေးမြို့ ရဲစခန်းကို ရေးဘီလူး အဖွဲ့က ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ် တိုက်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ 


ဧပြီလ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၅၉ မိနစ်တွင် ရေးမြို့ ရဲစခန်းကို ဗုံးပစ် လောက်ချာဖြင့် ၄၀ မမ ဗုံးသီး ၁ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။


အလားတူ ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ် အခြေစိုက် ခမရ ၅၃၄ ကို ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း ဧရာဝတီလင်းပိုင် မော်ကျွန်း အဖွဲ့ထံမှ သိရသည်။


ဧပြီ ၁၇ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် မော်ကျွန်းမြို့နယ် ခြေမြန်တပ်ရင်း ၅၃၄ ကို တော်လှန်ရေး တပ်ဖွဲ့များက ၇၉ ဗုံးပစ်လောင်ချာဖြင့် ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ တိုက်ခိုက်မှုကို ဧရာဝတီ နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ်ပြုလုပ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ခမရ ၅၃၄ တပ်ဝန်း အတွင်းရှိ ပျက်စီး ဆုံးရှုံးမှု အခြေအနေကို အတည်မပြု နိုင်သေးကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ 


ယင်းတိုက်ခိုက်မှုကို ဧရာဝတီလင်းပိုင်မော်ကျွန်း နှင့် မော်ကျွန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ဧရာဝတီလင်းပိုင် မော်ကျွန်းက ထုတ်ပြန်ထားသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...