Tuesday 18 April 2023

Breaking News- နေပြည်တော် အေလာလေတပ် ပစ်ခတ်ခံရပြီး မီးအကြီး အကျယ် လောင်ကျွမ်း၊ သေဆုံးထိခိုက်မှုနှင့် ပျက်စီးမှုတချို့ရှိဟုဆို


 Breaking News- နေပြည်တော် အေလာလေတပ် ပစ်ခတ်ခံရပြီး မီးအကြီး အကျယ် လောင်ကျွမ်း၊ သေဆုံးထိခိုက်မှုနှင့် ပျက်စီးမှုတချို့ရှိဟုဆို


ရန်ကုန်၊ ဧပြီ ၁၇ 


အကြမ်းဖက်စစ်ကောင်စီရဲ့ အရေးကြီးတဲ့ လေတပ်စခန်းတစ်ခုဖြစ်တဲ့ နေပြည် တော် အေလာလေတပ်ကို ဧပြီလ ၁၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင် ပစ်ခတ် မှုဖြစ်ပွားပြီး မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တယ်လို့ နေပြည် တော် သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုပါတယ်။ 


"နေပြည်တော် အေလာလေတပ်မှာ မနေ့ ည ၁၁ နာရီ ဝန်းကျင် ပေါက်ကွဲသံ ၂ ချက် ကြားရပြီး မီးလောင်ပါတယ်။ မီးလောင်တဲ့ ဧရိယာက အတော်ကို ကြီးပါတယ်။ လောင်စာကန်ထိတယ်လို့လည်းပြောသလို သေဆုံးထိခိုက်မှု ရှိတယ်လည်း ပြောကြတယ်။ လေတပ်ထဲမှာ ထိခိုက် ပျက်စီးမှုရှိတယ်ဆိုပြီး သတင်းတွေကြားရပါတယ်။ အသေးစိတ် အတိအကျတော့ မသိရပါဘူး" ဟု နေပြည်တော်သတင်းရင်းမြစ်က ဆိုပါတယ်။ 


ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးဘဲ ပစ်ခတ်မှု ကြောင့် ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲအပြီးမှာ မီးတွေ ထလောင်ခဲ့တာလို့ သိရပါ တယ်။ လောင်ကျွမ်းတဲ့မီးကိုလည်း နာရီ အတော်ကြာအောင် ငြိမ်းသတ်ခဲ့ရ တယ် လို့လည်း သိရပါတယ်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...