Monday, 17 April 2023
နတ်တလင်းတွင် ရာအိမ်မှူးလည်းဖြစ်၊ ရဲတပ်ဖွဲ့နှင့်စစ်တပ်အတွက် အဓိက အလုပ်လုပ်သူလည်းဖြစ်သူ ပစ်ခတ်ခံရပြီး သေဆုံး
နတ်တလင်းတွင် ရာအိမ်မှူးလည်းဖြစ်၊ ရဲတပ်ဖွဲ့နှင့်စစ်တပ်အတွက် အဓိက အလုပ်လုပ်သူလည်းဖြစ်သူ ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဧပြီ ၁၇
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် တောင်ညိုလေး ကျေးရွာမှ ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီ ခရိုင် PDF တပ်ဖွဲ့မှ တာ ဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၁၅ ရက်နေ့တွင် နတ်တလင်းမြို့နယ်၊ လယ်မအင်းအုပ်စု၊ တောင်ညို လေး ကျေးရွာမှ ရာအိမ်မှူး ဌေးလွင်ကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ နှင့် တပ်ခွဲ ၄ MRF-Nattalin အဖွဲ့တို့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ဌေးလွင်သည် ရာအိမ်မှူး ၁ ဦးဖြစ်သည့်အပြင် ရဲတပ်ဖွဲ့၏ လက်အောက်ခံ မှုခင်းရှုထောင့် အဖွဲ့တွင် ပါဝင်၍ တော်လှန်ရေး သတင်းများကို လိုက်လံ စုံစမ်းနေကြောင်း၊ ဌေးလွင်က စစ်တပ်၏ လမ်းပြအဖြစ် စစ်ကြောင်း ထိုးပါက လမ်းပြခြင်းတို့ကို ပြုလုပ်နေသူဖြစ်ကြောင်း သိရသည်။
" သူက ရာအိမ်မှူးလည်းလုပ်တယ်။ ရဲနဲ့ စစ်တပ်အတွက် အလုပ်လုပ်တယ်။ နောက်ပြီး မှုခင်း ရှုထောင့် အဖွဲ့ဝင်လည်းဖြစ်တယ်။ ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးပြီး စစ်ခွေးတွေ စစ်ကြောင်းထိုးရင် လမ်းပြရလုပ်တယ်။ အဲဒါ တွေကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်တယ်" ဟု သာယာဝတီ ခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...

-
တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၈၂ မြို့ ▪︎PDF တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ ၈ မြို့ရှိလာ -ဒီပ/ People's ...
-
တပ်ရင်းမှူးများရဲ့အခန်းကဏ္ဍ အရေးကြီးပြီ …………………………………………… အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ...
-
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
No comments:
Post a Comment