Monday 17 April 2023

ကျောက်ထုမြို့ရှိ လေတပ်၊ အမြှောက်တပ်၊ ကပစ ၂၃ နှင့် ရဲစခန်းတို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်


 ကျောက်ထုမြို့ရှိ လေတပ်၊ အမြှောက်တပ်၊ ကပစ ၂၃ နှင့် ရဲစခန်းတို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်


ရန်ကုန်၊ ဧပြီ ၁၇ 


မကွေးတိုင်း၊ ကျောက်ထုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ လေတပ်၊ အမြှောက်တပ်၊ ကပစ ၂၃ နှင့် ရဲစခန်းတို့ကို PDF တပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 


မတ်လ ၁၃ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်တွင် မှ ည ၈ နာရီ အထိ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မကွေးခရိုင် အမှတ် ၁ တပ်ရင်း၊ (ဂန့်ဂေါခရိုင်) အမှတ်၂ ၊ ၄ ၊ ၁၀ တပ်ရင်းနှင့် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ (ဆော) တို့ ပူးပေါင်းကာ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၃ ကာကွယ်ရေး ပစ္စည်း စက်ရုံကို ရှော့တိုက်ဒုန်းများ၊ Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် မှ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အထိ ကျောက်ထုဒေသရှိ ကျောက်ထုလေတပ်၊ အမှတ် ၃၆၈ အမြှောက်တပ်ရင်းနှင့် ကျောက်ထု မြို့နယ် ရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဂန့်ဂေါခရိုင် အမှတ် ၈ ၊ ၉ တပ်ရင်း ၊ ဆော PDF YRPA နှင့် DRONE. Revolutionary Rebel Force တို့က ရှော့တိုက်ဒုံး၊ Rocketများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမှတ် ၃၆၈ အမြှောက်တပ်ရင်းအတွင်းရှိ အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ 


အဆိုပါ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု အခြေအနေများကို အတည်မပြုနိုင်သေးဘဲ PDF တပ်ဖွဲ့များ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

 ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ ရန်ကုန်၊ စက်တင်ဘာ ၈  ပခုက္ကူမြို့နယ...