Monday 17 April 2023

ကော့​သောင်းတွင် ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးကို ရှင်းလင်းပြီး လက်နက်ခဲယမ်းများ သိမ်းဆညိးရမိ


 ကော့​သောင်းတွင် ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးကို ရှင်းလင်းပြီး လက်နက်ခဲယမ်းများ သိမ်းဆညိးရမိ


ရန်ကုန်၊ ဧပြီ ၁၆


ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ဆိတ်ဖူးရွာနေ ပြည်သူ့စစ်ခေါင်းဆောင် ကျော်ဝင်းနဲ့ ဒုခေါင်းဆောင် မြင့်အောင်ကို ကော့သောင်း ပကဖက ရှင်းလင်းခဲ့တယ်လို့ တနင်္သာရီ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ 


ဒီနေ့ ဧပြီ ၁၆ရက် သင်္ကြန်အတက်နေ့ ညနေ ၄နာရီမှာ သွားရောက်ရှင်းလင်းခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အထိခိုက်မရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ 


သူတို့ဆီကနေ AK-47 နှစ်လက်၊ ကျည် (၁၁၉)တောင့်၊ 9mm ပစ္စတိုတစ်လက်၊ ကျည်ကာ (၄)ထည်၊ ယူနီဖေါင်း နှစ်စုံ၊ ဆုံလည် ဂစ်(စ်)သေနတ် တစ်လက်၊ ကျည်ဘောက် (၅)ခုနဲ့ ဓါးတွေ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 


ကော့သောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ပျူစောထီးများအနေနဲ့ လူထုနဲ့အတူ အမြန်ဆုံးပူးပေါင်းကြဖို့နဲ့ မပူးပေါင်းရင် ဆက်လက်ချေမှုန်းသွားမယ်လို့ သတိပေး ဖော်ပြထားပါတယ်။

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...