Sunday 16 April 2023

ပဇီကြီးရွာတွင် ကျဆုံးခဲ့သော ပြည်သူများ၏ ရက်လည် နေ့ဖြစ်သည့် နှစ်ဆန်း တစ်ရက်နေ့တွင် တစ်နိုင်ငံလုံး မီးပိတ် သပိတ် ဆင်နွှဲကြရန် တော်လှန်ရေး အင်အားစုများ တောင်းဆို



 ပဇီကြီးရွာတွင် ကျဆုံးခဲ့သော ပြည်သူများ၏ ရက်လည် နေ့ဖြစ်သည့် နှစ်ဆန်း တစ်ရက်နေ့တွင် တစ်နိုင်ငံလုံး မီးပိတ် သပိတ် ဆင်နွှဲကြရန် တော်လှန်ရေး အင်အားစုများ တောင်းဆို


ရန်ကုန်၊ ဧပြီ ၁၆


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာတွင် ကျဆုံးခဲ့သော ပြည်သူများ၏ ရက်လည်နေ့ဖြစ်သည့် နှစ်ဆန်း တစ်ရက်နေ့တွင် တစ်နိုင်ငံလုံး မီးပိတ်သပိတ် ဆင်နွှဲကြရန် တော်လှန်ရေး အင်အားစုများက တောင်းဆိုလိုက်ကြောင်းသိရသည်။ 


အဆိုပါ မီးပိတ် သပိတ်ကို ည ၈ နာရီမှ ၈ နာရီ ၅ မိနစ်ထိ ပြုလုပ်မည်ဖြစ်ပြီး တစ်နိုင်ငံလုံး မီးပိတ်သပိတ်ကို ဆင်နွှဲကြရန်နှင့် အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များကို ကန့်ကွက် ရှုတ်ချကြောင်း၊ ဆန့်ကျင်ကြောင်း ပြသကြရန် တောင်းဆိုကြောင်း တော်လှန်ရေး အင်အားစုများကပြောဆိုသည်။


ထို့​ပြင် နှစ်ဆန်းတစ်ရက်နေ့တွင် ပြည်သူများက ပဇီကြီးရွာမှ ကျဆုံးပြည်သူများအတွက် ရည်စူးသော ပြုသမျှသော ကောင်းမှု၊ ဆုတောင်းမှုများသည် ပဇီကြီးအတွက် ရပ်တည်မှု၊ ပြည်သူ့အတွက် ပြည်သူမှရပ်တည်ကြောင်း ပြသကြရန်၊ နှစ်ဆန်းတစ်ရက်နေ့ လမ်းဆုံ၊ လမ်းခွ၊ ရပ်ကွက်အတွင်း အန္တရာယ်ကင်းဆုတောင်းပွဲများတွင် ပဇီကြီး ကျေးရွာဖြစ်ရပ်အတွက် ဆုတောင်း၊ အမျှဝေပေးရန် တော်လှန်ရေး အင်အားစုများက တောင်းဆိုထားသည်။


သံပုံးသံများဖြင့် ပြည်သူများနှင့် မြန်မာပြည်ကို ဒုက္ခ ပေးနေသော မကောင်းဆိုးဝါး၊ မိစ္ဆာများကို နှင်ထုတ် ဆန့်ကျင်ခြင်းကို ပြသကြရန် တော်လှန်ရေး အင်အားစုများက ပြောဆိုသည်။ 


ဓမ္မကို ကာကွယ်၍ အဓမ္မကို တွန်းလှန်နေသော ပြည်သူတစ်ရပ်လုံးအနေဖြင့် အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များကို ယနေ့တိုင် ဆန့်ကျင် တော်လှန်နေဆဲဖြစ်ကြောင်းနှင့် လက်သည်းဆိတ်ပါက လက်ထိပ်က နာတတ်သည့် ဖက်ဒရယ်စိတ်ဓါတ်ကို အရင်းတည်ကာ ပြည်သူ့အတွက် ပြည်သူမှ ရပ်တည်ကြောင်း ပါဝင်ပြသကြရန် လေးနက်စွာဖြင့် တိုက်တွန်းနှိုးဆော်အပ်သည်ဟု သပိတ်အင်အားစုများက တောင်းဆိုထားသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...