Sunday 16 April 2023

အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် နောက်လိုက်များအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ဆိုတာ ရှိမည်မဟုတ်ပဲ နိုင်ငံတကာတ ရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ရေး လုပ်ဆောင်နေသည်ဟု NUG သမ္မတဒူဝါလရှီးလ ပြော


အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် နောက်လိုက်များအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ဆိုတာ ရှိမည်မဟုတ်ပဲ နိုင်ငံတကာတ ရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ရေး လုပ်ဆောင်နေသည်ဟု NUG သမ္မတဒူဝါလရှီးလ ပြော


ရန်ကုန်၊ ဧပြီ ၁၆ 


အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် နောက်လိုက်များအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ဆိုတာ ရှိမည်မဟုတ်ပဲ နိုင်ငံတကာတရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ရေး လုပ်ဆောင်နေကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ၊ ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။


ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့သည့် အစိုးရ သက်တမ်း ၂ နှစ် ပြည့်နေ့ ပြည်သူ လူထုသို့ ပြောကြားသည့်မိန့်ခွန်းတွင် ယာယီသမ္မတက ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


“မြန်မာနိုင်ငံအနှံ့မှာ အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ကျူးလွန်သူတွေ တစ်ယောက်မကျန် ၎င်းတို့ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်နဲ့လျော်ညီစွာ ပြန်လည်တာဝန်ခံ ၊တာဝန်ယူကြရမှာ ဖြစ်ပါတယ်၊ ၎င်းတို့အတွက် ပြစ်ဒဏ်ကင်း လွတ်ခွင့်ဆိုတာ ရှိစေမှာမဟုတ်ကြောင်း အတည်အလင်းပြော ကြားလိုပါတယ်၊ အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ သူ့ရဲ့အ ကြမ်းဖက်လုပ်ရပ်တွေကို ဆက်လက်လုပ်ဆောင် နေမယ်ဆိုတာကို သူ့ရဲ့နှုတ်ကနေ အတိအလင်း ကြေညာထားပြီးသားပါ၊ ကမ်းကုန်အောင်ယုတ်မာမယ်၊ ပြီးရင်တော့ အရှက်မဲ့စွာ လိမ် ညာမယ်၊ ဒါဟာ သူတို့လုပ်နေကြ အလုပ်ပါပဲ၊”ဟု ယာယီသမ္မတဒူဝါလရှီးလ က ပြောဆိုသည်။

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို ဗုံးကျဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူပေါင်း ၁၆၈ ဦးသေဆုံးပြီး ယင်းထဲတွင် ကလေးငယ်ပေါင်း ၄၀ ၊ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် ၂၄ ဦးသေဆုံးခဲ့ကြောင်း၊အလားတူ ကချင်ပြည်နယ်၊ အနန့်ပါစခန်း၊ ချင်းပြည်နယ်၊ ဝေဘူလမြို့ တို့အပြင်မြန်မာနိုင်ငံအနှံအပြားရှိပြည်သူလူထုအ ပေါ် ဗုံးကြဲတိုက်ခိုက်နေမှုများသည် ရည်ရွယ်ချက်ရှိရှိ စစ်ရာဇ ဝတ်မှုများကျူးလွန်နေခြင်းဖြစ်ကြောင်း ထောက်ပြထား သည်။


နိုင်ငံတကာအနေဖြင့် အပြစ်မဲ့ပြည် သူလူထုအပေါ် ရည်ရွယ် ချက်ရှိရှိ စစ်ရာဇဝတ်မှုကျူးလွန်နေသောအကြမ်းဖက်စစ်တပ် ၏ လေကြောင်းတိုက်ခိုက်မှုများကို ထိထိရောက်ရောက် တား ဆီးနိုင်ရန် စက်လက်နက် ရောင်းချသူများ၊ လေယာဉ်ဆီတင်သွင်းရောင်းချသူများအား အမြန်ဆုံး ဒဏ်ခတ်အရေးယူ ပေးပါရန် နှင့် မိမိတို့အစိုးရအား လေကြောင်းကာကွယ်ရေး လက် နက်များအမြန်ဆုံး ကူညီထောက်ပံ့ပေးပါရန် ယာယီသမ္မတဒူဝါလရှီးလက အလေးအနက် တောင်းဆိုထားသည်။


“အာစီယံနိုင်ငံနဲ့နိုင်ငံတကာကအကြီးအကဲတွေအနေနဲ့လည်းကျနော်တို့ပြည်သူလူထုရဲ့ဘေးဒုက္ခခံစားနေရတာကို မြင်အောင်ကြည့်ပေးကြပါ၊ ကျနော်တို့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို လက်တွေ့ကျကျ ထိထိရောက်ရောက်ညီပေးကြပါ”ဟု ယာယီသမ္မတ ဒူဝါလရှီးလ ဆက်လက်ပြောကြားသည်။


အကြမ်းဖက်စစ်အုပ်၏ လေကြောင်းရန်ကို မကာကွယ်နိုင်သ ၍ နိုင်ငံအနှံ့ဗုံးကျဲတိုက်ခိုက်ခံနေရအုံးမည်ဖြစ်ပြီး နေ့စဉ်နှင့်အမျှ ပြည်သူလူထုအသက်ပေါင်းများစွာပေးဆပ်နေရအုံးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည် တွင်း ပြည်ပအရပ်ဖက်အဖွဲ့အစည်းများ၊ NGO များအနေဖြင့် အကြမ်း ဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် ကူညီလုပ်ပေးမှုများ တိုးမြှင့်လုပ်ဆောင် ပေးရန် ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းမေတ္တာရပ်ခံထားသည်။ 

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...