Sunday, 16 April 2023

သုံးဆယ်မြို့၊ We Love Thonze မဏ္ဍပ် လုံခြုံရေးရဲတပ်ဖွဲ့ကို မိုင်းခွဲ တိုက် ခိုက်မှု ရဲ ၁ ဦးသေဆုံး


 သုံးဆယ်မြို့၊ We Love Thonze မဏ္ဍပ် လုံခြုံရေးရဲတပ်ဖွဲ့ကို မိုင်းခွဲ တိုက် ခိုက်မှု ရဲ ၁ ဦးသေဆုံး


ရန်ကုန်၊ ဧပြီ ၁၆


ပဲခူတိုင်း၊ သုံးဆယ်မြို့၊ We Love Thonze မဏ္ဍပ်ရှိ လုံခြုံရေး ယူထားသည့် ရဲများကို မိုင်းခွဲတိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဧပြီလ ၁၅ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် သာယာဝတီမြို့နယ်၊ သုံးဆယ် မြို့ ၊ ဗေဒင်ကုန်းရပ်ကွက်၊ ရန်ကုန်-ပြည် ကားလမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် ၏ We Love Thonze မဏ္ဍပ်အနီး လုံခြုံရေးယူ ထားသည့် ရဲများကို သာယာဝတီ ဂဠုန်တပ်ဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး ၁ ဦးပွဲချင်းပြီး သေဆုံးကာ ရဲ ၄ ဦး ထက်မနည်း မိုင်းစ ထိမှန် ဒဏ်ရာရခဲ့ ကြောင်းသိရသည်။


" စစ်ခွေးတွေရဲ့ မဏ္ဍပ်ကို လုံခြုံရေး ယူပေးနေတဲ့ ရဲတွေကို ဖောက်ခွဲ တိုက် ခိုက်ခဲ့တာ ၁ ဦးကတော့ ပွဲချင်းပြီးသေတယ်။ ၄ ကောင် ကတော့ ထိခိုက် ဒဏ်ရာ လောက်ပဲရတယ်" ဟု သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


ဓာတ်ပုံ- ရန်ကုန်မဟာသင်္ကြန်ကာလ လူထုကို ဖိနှိပ်ရေး ကင်းလှည့်နေသည့် အကြမ်းဖက် ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်။)


Photo- AFP ။

No comments:

Post a Comment

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...