Tuesday 4 April 2023

ရေစကြိုမြို့နယ် မအူရဲစခန်းကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်


 ရေစကြိုမြို့နယ် မအူရဲစခန်းကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက် 


ဧရာဝတီ၊ ဧပြီ ၄၊ ၂၀၂၃


မကွေးတိုင်း၊ ရေစကြိုမြို့နယ် မအူရဲစခန်းကို ဒေသကာကွယ်ရေးတပ်များက ဧပြီ ၃ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် (ပ.က.ဖ)က ထုတ်ပြန်သည်။


ဧပြီ ၃ ရက် နံနက်အစောပိုင်းအချိန်ခန့်တွင် ရဲစခန်းအား စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် မအူရဲစခန်းမှူး မြင့်ကျော်ဆိုသူ အပါအဝင် တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 


အဆိုပါ သေဆုံးမှုများနှင့် ပတ်သက်ပြီး ဧရာဝတီက သီးခြားအတည်မပြုနိုင်သေးပါ။


ယင်းတိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)၊ Salingyi Special Tesk Force (SSTF)၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ တပ်ရင်း (၂) နှင့် Myanmar Royal Dragon Army(MRDA) မဟာမိတ်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

 

၁ နာရီခန့် ပစ်ခတ်တိုက်ခိုက်မှုအပြီး ရဲစခန်းအား ဝင်ရောက်မီးရှို့နေချိန်တွင် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် နောက်ဆုတ်ခဲ့ရကြောင်းလည်း ၎င်းတို့က ဆိုသည်။ 


အဆိုပါ တိုက်ခိုက်မှုအပြီး G-3 တလက်၊ Anti Drone Gun တလက်၊ ဗုံးသီး ၁၀ လုံးနှင့် စခန်းမှူးတံဆိပ်တုံး အပါအဝင် စာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ဓာတ်ပုံများနှင့်တကွ ၎င်းတို့ဘက်က အသိပေးထုတ်ပြန်ထားသည်။  


တိုက်ခိုက်မှုအတွင်း ဒေသကာကွယ်ရေးတပ်များဘက်မှ ရဲဘော် ၂ ဦး ထိခိုက်ခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။ 


ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် 


#WhatsHappeningInMyanmar

#RejectMilitaryCoup

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...