Monday 3 April 2023

ကော်သူးလေလက်နက်ကိုင်အဖွဲ့စုံ သွေးသစ္စာရေသောက်


 ကော်သူးလေလက်နက်ကိုင်အဖွဲ့စုံ သွေးသစ္စာရေသောက်


ဧပြီ ၃ ၊ ၂၀၂၃


စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် မြေပြင်တွင် လက်တွေ့တိုက်ပွဲဝင်နေသည့် ကရင့်တော်လှန်ရေးအဖွဲ့စုံမှ စစ်ရေးခေါင်းဆောင်များသည် နွေဦးတော်လှန်ရေးအရှိန်မြှင့်တင်ရန် ကရင့်တော်လှန်ရေးစအောင်မြင်ရန်အတွက် သွေးသစ္စာရေသောက် အခမ်းအနားတစ်ရပ်ကို ဧပြီ ၃ ရက်နေ့က ကော်သူးလေနယ်မြေတစ်ခုတွင်ကျင်းပခဲ့သည်။


ကရင့်တော်လှန်ရေး တလုံးတဝတည်းညီညွတ်ရေးအတွက် သွေးသစ္စာရေသောက် အခမ်းအနားသို့တက်ရောက်ကာ ကတိသစ္စာပြုခဲ့ကြသည့် စစ်ရေးခေါင်းဆောင်များမှာ ကော်သူလေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောနယ်ဒါးဘိုမြ၊ Lion Battalion Commando-ဗျူဟာစစ်ကြောင်း ဗျူဟာမှူးဗိုလ်အယ်စေးဝါး၊KNU/KNLA Peace Councilဗျူဟာ(၂)မှဗျူဟာမှူးဗိုလ်လက်ကိုင်၊KNU/KNLA Peace Council ဗျူဟာမှူး စောဘလို့ ၊ KNU/KNLA Peace Council တပ်ရင်းမှူး ဗိုလ်ကျော်ဂလော ၊KNDO တပ်ရင်းမှူး ဗိုလ်မောင်ချစ်၊KNU တပ်ရင်း(၁၀၁)တပ်ရင်းမှူး ဗိုလ်ဖိုးဒူ၊KNU တပ်ရင်း ၁၉ တပ်ရင်းမှူး ဗိုလ်ချာနား၊BGF တာတို့ဝါးစစ်ကြောင်း တပ်နယ်(၃) တပ်ရင်းမှူး ဗိုလ်ထူးအယ်မှူး ၊KNU/KNLA Peace Council(၇၇၇) ဒုတပ်ရင်းမှူး ဗိုလ်ဖားအဲ့၊Lion Battalion Commando-ဗျူဟာစစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်စောလား၊Cobra Column စစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်ဒါဘော၊Cobra Column စစ်ကြောင်း ဒုစစ်ကြောင်းမှူး ဗိုလ်စောကော်၊ကျားဖြူစစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်ကျော်သက်၊နဂါးဖြူစစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်ကလယ်န၊NUGတောင်ပိုင်းတိုင်း တပ်မဟာမှူး ဗိုလ်စောရှားဖောင်၊KNU (၁၀၁)တပ်ခွဲမှူး ဗိုလ်မောင်မြင့်၊KNU/KNLA Peace Council (၇၀၈)တပ်ခွဲမှူး ဗိုလ်စောအယ်ကလိုထူး တို့တက်ရောက်ခဲ့ကြသည်။


Crd: lionbattalion_commando

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...