Monday 3 April 2023

ကနီ၊ တန့်ဆည်နှင့် ယင်းမာပင်တို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များ ချီတက်ဆန္ဒပြ


 ကနီ၊ တန့်ဆည်နှင့် ယင်းမာပင်တို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များ ချီတက်ဆန္ဒပြ


သုည/People's Spring


စစ်ကိုင်းတိုင်း ကနီ၊ တန့်ဆည် နှင့် ယင်းမာပင်မြို့နယ်တို့တွင် ယနေ့ (ဧပြီ ၃) ဒေသခံပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ အသီးသီး ချီတက်ဆန္ဒပြခဲ့ကြသည်။


ယနေ့ နံနက်အစောပိုင်းတွင် ယင်းမာပင်မြောက်ခြမ်း၌ သပိတ်အင်အားစုနှင့် ဒေသခံပြည်သူများ စုပေါင်း၍ "အာဏာရူးတွေကို လုံးဝခွင့်မလွှတ်ဘူး" ဆိုသည့် စာသားကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ် ချီတက်ခဲ့ကြသည်။


တန့်ဆည်မြို့နယ်တွင်လည်း ပင်မသပိတ်စစ်ကြောင်းက ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်ခဲ့ကြသည်။


ပြည်သူများက "စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုအတွက်ရဲရဲတည်ဆောက်ကြ" ၊ "မတရားမှုမှန်သမျှဆန့်ကျင်ကြ အကျင့်ယုတ်ဖက်ဆစ်တပ်အားချေမှုန်းကြ" စာသားပါ ဘန်နာများကို ကိုင်ဆောင်၍ လူထုကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြသည်။


ထို့အပြင် ကနီမြို့နယ်တွင်လည်း နွေဦးတော်လှန်ရေး သပိတ်အင်အားစုက ဦးဆောင်၍ တူမီး တော်လှန်ရေး (၂) နှစ်ပြည့်အဖြစ် ချင်းတွင်းမြစ်အတွင်း၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် ဆင်နွှဲခဲ့ကြသည်။


ယင်းသပိတ်တွင် ပြ​ည်သူများက "အညာနယ်သားတွေ နီသလားဟေ့၊ အညာသွေးတွေ ရဲသလားဟေ့၊ ကနီနယ်သားတွေ နီသလားဟေ့၊ ကနီနယ်သားတွေ ညီသလားဟေ့" စသည့် ကြွေးကြော်သံများဖြင့် ချီတက်ခဲ့သည်။ 


ကနီမြို့နယ်သည် ပြီးခဲ့သည့် ၂၀၂၁ ဧပြီအတွင်းကစတင်၍ စစ်အာဏာရှင်ကို တူမီးလက်နက် ကိုင်ဆွဲ၍ ခုခံတော်လှန်ခဲ့ရာ ယခုလတွင် ၂ နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစုက ဆိုသည်။


ဓာတ်ပုံ - ပြည့်အောင်နိုင်(ကနီ)၊ VOT ၊ ရွာပေါင်းစုံသပိတ်


#လူထုနွေဦး

#LuduNwayOo

#People'sSpring

#PS

https://bit.ly/ludunwayoo

https://www.facebook.com/LuduNwayOo

https://www.instagram.com/ludunwayoo/

t.me/PeopleSpring (https://t.me/PeopleSpring)

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...