Thursday 13 April 2023

"(၁၀.၄.၂၀၂၃) မှ (၁၃.၄.၂၀၂၃) ထိ တိုက်ပွဲသတင်းထုတ်ပြန်ချက်"


 

"(၁၀.၄.၂၀၂၃) မှ (၁၃.၄.၂၀၂၃) ထိ တိုက်ပွဲသတင်းထုတ်ပြန်ချက်"


(၁၀.၄.၂၀၂၃) တွင် ရန်သူဘက်မှ လက်နက်ကြီးပစ်ခတ်ခြင်းမှအပ ထိတွေ့မှုဖြစ်စဉ်မရှိခဲ့ပါ။


(၁၁.၄.၂၀၂၃) တွင် စကစဘက်မှ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့သည်။ မနက် (၇နာရီခွဲ) တွင် Jet Fighter ဖြင့် caster ဗုံး (၅) ကြိမ် ပစ်ခတ်ပြီး ရန်သူဘက်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခဲ့ရာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ (၁၁နာရီ ခွဲ) တွင် MI35 တစ်စင်း နာရီဝက်ခန့် ပျံဝဲပြီး Rocket, .5, စက်လက်ဖြင့် ပစ်ခတ်ခဲ့သည်။ နေ့လည်(၂နာရီ၁၅မိနစ်)တွင် Jet fighter ဖြင့် ဗုံးကျဲခဲ့သည်။ နေ့လည် (၂နာရီ၃၀မိနစ်) တွင် Jet Fighter၊ ည(၁၂နာရီခွဲ)တွင် Jet Fighter ဖြင့် (၁)ကြိမ် ဗုံးကျဲခဲ့သည်။ ရန်သူဘက်မှ (၆)ဦး သေဆုံး၍ (၁၂)ဦး ဒဏ်ရာရခဲ့ပြီး မိမိဘက်မှ (၄) ဦး မြင့်မြတ်စွာကျဆုံးခဲ့သည်။


(၁၂.၄.၂၀၂၃) တွင် မိမိဘက်မှ BGFသိန်းတန်ကုန်းအား တက်ရောက်သိမ်းပိုက်နိုင်ခဲ့သည်။ ရန်သူဘက်မှ ၁၀ဦး သေဆုံး၍ အများအပြား ဒဏ်ရာရခဲ့သည်။ လက်နက် (၁၁) လက်၊ ရှေ့ထွက်မိုင်း ၂လုံး၊ ကျည်အိမ်၊ နင်းမိုင်း ၁ လုံး၊5.56 (၅၈၄)တောင့်၊ 7.62ကျည် (၇၅)တောင့်၊ အေကေကျည်ဘောက်(၂)ခု၊ HKကျည်ဘောက် (၅) ခု၊ ကာဘိုင်ကျည်ဘောက်(၂)ခု၊ M၁၆ကျည်ဘောက် (၄)ခု သိမ်းဆည်းရမိခဲ့သည်။


(၁၃.၄.၂၀၂၃) တွင် ကျောက်မိုင်း BGF စခန်းကုန်းအား Sniperဖြင့် ပစ်ခတ်ခဲ့ရာ စကစလက်အောက်ခံ (၃)ဦး သေဆုံးခဲ့သည်။ ရန်သူမှ တနေကုန် မကြာခဏ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...