Friday 14 April 2023

Breaking News- ရန်ကုန်တိုင်း၊ ခရမ်းမြို့ လဝကရုံးကို PDFက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု ရဲ ၂ ဦး သေဆုံးကာ လက်နက် ၂ လက် သိမ်းဆည်းရမိ


Breaking News- ရန်ကုန်တိုင်း၊ ခရမ်းမြို့ လဝကရုံးကို PDFက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု ရဲ ၂ ဦး သေဆုံးကာ လက်နက် ၂ လက် သိမ်းဆည်းရမိ


ရန်ကုန်၊ ဧပြီ ၁၄ 


ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးကို ခရမ်း PDF က ယနေ့ မွန်းလွဲပိုင်း တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်ရရှိကြောင်း ခရမ်း PDF မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ 


ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် ခရမ်းမြို့နယ် လ၀ကရုံးကို ခရမ်း PDF တပ်က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် ရဲ ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်ရရှိကြောင်း သိရှိရသည်။  


"သေသွားတဲ့ရဲထဲမှာ ရဲတပ်သား နေပိုင် ဆိုတဲ့သူပါတယ်။ သေနတ်နှစ်လက် သိမ်းဆည်းရမိတယ်၊ ရဲနှစ်ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ တခြား ရဲတစ်ဦးလည်း ရန်ကုန်ဆေးရုံကို အရေးပေါ်တင်ထားရတယ်။ ဝန်ထမ်း ၂ ဦးလည်း ထိခိုက်တယ်။ စုစုပေါင်း ၅ ကောင်ထိခိုက် သွားတာမှာ ရခ ၂ ကောင်သေတယ်။ ရခ ၁ ကောင်မှာ အရေးပေါ်တင်ထားတယ်၊ ၄၀ မမ ပစ်ခတ်ပြီး ဝင်သိမ်းခဲ့တာပါ" ဟု ခရမ်း-PDF တာဝန်ခံ ကိုမီးပွားက ပြောကြားသည်။ 


ခရမ်း-PDF က ကနဦး ၄၀ မမ ဗုံးသီးများဖြင့် လ၀ကရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးမှ လက၀ရုံးကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ - ခရမ်း လဝကရုံးစီးနင်းခဲ့မှုမှ သိမ်းဆည်းရမိသော သေနတ်နှစ်လက်။ 

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...