Saturday 15 April 2023

လှိုင်သာယာ ၁၂ ရပ်ကွက်ရုံးအနီး ဗုံးခွဲတိုက်ခိုက်ခံရမှု ဗိုလ်မှူး ကြီး ဇင်မောင်လွင် သေဆုံး


 လှိုင်သာယာ ၁၂ ရပ်ကွက်ရုံးအနီး ဗုံးခွဲတိုက်ခိုက်ခံရမှု ဗိုလ်မှူး ကြီး ဇင်မောင်လွင် သေဆုံး


ရန်ကုန်၊ ဧပြီလ ၁၄ 


ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊အမှတ် ၁၂ ရပ်ကွက်၊မန္တလေး လမ်းရှိ အထက ၂ ကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှု အတွင်း အ မှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင်လွင် သေဆုံးသွားကြောင်း ရန်ကုန်မြို့ ပြပြောက်ကျားတပ်တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောကြား သည်။


ယမန်နေ့ ဧပြီလ ၁၃ ရက် ည ၈ နာရီ ၁၀ မိနစ်ခန့်က လှိုင်သာ ယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ မန္တလေးလမ်းရှိ အထက ၂ ကျောင်းရှေ့တွင် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုအားလှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်ဖြိုးပါ အရာရှိ ၃ ဦး၊ အခြားအဆင့် ၁၀ ဦးတို့နှင့်အတူ အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်သန်းပါ ၁၅ ဦးတို့မှ သွားရောက်စစ်ဆေးခဲ့ရာ ည ၈ နာရီ မိနစ် ၂၀ အချိန် ပထမပေါက်ကွဲသည့်နေရာနှင့် ၁၅‌ ပေခန့်အကွာ၌ ထပ်မံပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့ အသိုင်းအဝန်းထံမှ သိရသည်။


“သေတာက ဗျူဟာမှူး ဗိုလ်မှူးကြီးဇင်မောင်လွင်ဆိုတာ အ တည်ဖြစ်သွားပြီဗျ၊ ကျနော်တို့ တိတိကျကျ သတင်းရထားပြီးပြီ၊ မိုင်း စက နားထင်ကို တက်မှန်ဒဏ်တာ၊ ဒဏ်ရာရတဲ့ ၃ ယောက်လုံးက ပြင်းထန် ဒဏ်ရာတွေချည်းပဲ” ဟု ရန်ကုန်မြို့ ပြပြောက်ကျားတပ်တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သ တင်း ဌာနထံသို့ ပြောကြားသည်။


အဆိုပါ ပေါက်ကွဲမှုသည် လှိုင်သာယာမြို့မရဲစခန်း အရှေ့ဘက် ၁ မိုင်ခန့်အကွာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းပေါက် ကွဲမှုကို အမှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင်လွင် ဦး စီးပါ အရာရှိ ၂ ဦးနှစ်ဦး အခြားအဆင့် ၆ ဦးမှ လာရောက်မိုင်းရှင်းစစ်ဆေးစဉ် ထပ်မံပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပေါက်ကွဲမှုကြောင့် ဗိုလ်မှူးကြီး ဇင်မောင်လွင်၌ ဒဏ်ရာစိစစ်ဆဲဖြင့် လည်းကောင်း၊ အမှတ် ၇၀၅ ခြေမြန်တပ်ရင်းမှ တပ် သား မျိုးသန့်၌ ဒဏ်ရာ စိစစ် ဆဲ ဖြင့်လည်းကောင်း၊ အမှတ် ၁၂ ရပ်ကွက် ရာအိမ်မှူး အသက် ၅၄ နှစ်အရွယ် မျိုးမြင့်၌ ဒဏ်ရာ စိစစ်ဆဲဖြင့် လည်းကောင်း အမှတ် ၁ တပ်မတော် ဆေးရုံကြီး ကုတင် ၁၀၀၀ သို့ ပို့ဆောင်ကုသပေးခဲ့ကြောင်းသိရသည်။


ထို့အပြင် အခင်းဖြစ်နေရာနှင့် ပေ ၇၀ ခန့်အကွာ၌ နောက်ထပ်မိုင်းတစ်လုံး ထပ်မံတွေ့ရှိခဲ့ပြီး အမှတ် ၉၀၅ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ လာရောက် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...