Saturday 15 April 2023

ခရမ်းမြို့ လဝကရုံးကို PDFက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု တွင် သေဆုံးသူ ရဲ ၂ ဦုးမှာ ရဲတပ်သား နေပိုင်နှင့် ရဲတပ်သား ၀ဏ္ဏဖြစ်ပြီး စစ်ကောင်စီက ရဲသေ ဆုံး မှု သတင်းကို ကွယ်ဝှက်ထား


ခရမ်းမြို့ လဝကရုံးကို PDFက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု တွင် သေဆုံးသူ ရဲ ၂ ဦုးမှာ ရဲတပ်သား နေပိုင်နှင့် ရဲတပ်သား ၀ဏ္ဏဖြစ်ပြီး စစ်ကောင်စီက ရဲသေ ဆုံး မှု သတင်းကို ကွယ်ဝှက်ထား


ရန်ကုန်၊ ဧပြီ ၁၅ 


ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးကို ခရမ်း PDF က ယမန်နေ့ မွန်းလွဲပိုင်း တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးခဲ့သော် လည်း စစ်ကောင်စီဘက်က ရဲ များ သေဆုံးမှုမရှိဘဲ ဒဏ်ရာသာရရှိသည်ဟု သတင်းကို ကွယ်ဝှက်ထားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ထံမှ သိရှိရသည်။ 

 

ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် ခရမ်းမြို့နယ် လ၀ကရုံးကို ခရမ်း PDF တပ်က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု ကြောင့် ရဲ ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်ရရှိကြောင်း၊ ယင်းသို့ တိုက်ခိုက် ခဲ့ရာတွင် သေဆုံးသူ ရဲ ၂ ဦးမှာ ရဲတပ်သား နေပိုင်နှင့် ရဲတပ်သား ၀ဏ္ဏတို့ဖြစ် ကြောင်း သိရှိရသည်။  


"ရဲတပ်သား နေပိုင်နဲ့ ရဲတပ်သား ၀ဏ္ဏတို့ သေဆုံးပါတယ်။ ဒါပေမယ့် ရဲတွေက ပြောတာက ဒဏ်ရာပဲရတယ်ပဲ သတင်းဖြန့်တယ်။ မသေဘူး။ ခရမ်းဆေးရုံမှာ ဆိုပြီး ပြောနေတယ်။ တကယ်က သေသွားပါတယ်။ သတင်းကို တလွဲလုပ်ပြီး ဖုံးထားတဲ့သဘော" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။ 

 

ခရမ်း-PDF က လ၀ကရုံးကို ၄၀ မမ ဗုံးသီးများဖြင့် လ၀ကရုံးကို ပစ်ခတ် တိုက်ခိုက်ခဲ့ ပြီးမှ လက၀ရုံးကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ - ခရမ်း လဝကရုံးစီးနင်းခဲ့တွင် ဒဏ်ရာရရှိသော သေဆုံးသွားသည့် ရဲတပ်သား ၂ ဦး။ 

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...