Saturday 29 April 2023

ပြည်သူ ၁၈၁ ဦးသေဆုံးစေခဲ့သော ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုအတွက် မင်းအောင်လှိုင်နှင့် အပေါင်းအပါ ၆ ဦး၊ ပျူစောထီးခေါင်းဆောင် ဝါသ၀ တို့ကို အကြမ်းဖက်မှုဖြင့် အမှုဖွင့်


 ပြည်သူ ၁၈၁ ဦးသေဆုံးစေခဲ့သော ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုအတွက် မင်းအောင်လှိုင်နှင့် အပေါင်းအပါ ၆ ဦး၊ ပျူစောထီးခေါင်းဆောင် ဝါသ၀ တို့ကို အကြမ်းဖက်မှုဖြင့် အမှုဖွင့်


■ လေကြောင်းတိုက်ခိုက်ရန် စစ်တပ်ကို သတင်းပေးပို့သူ ၄ ဦးကို ဖမ်းဆီးရမိ ပြီး ဥပဒေနှင့်အညီ အရေးယူမည်


ရန်ကုန်၊ ဧပြီ ၂၉ 


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြည်သူ ၁၈၁ ဦးသေဆုံးစေခဲ့သော ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် စစ်တပ်ကို သတင်းပေးပို့ခဲ့ကြသည့် သူတချို့ကို ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ အရေးယူအပြစ်ပေးယူမည်ဖြစ် ကြောင်း၊ မင်းအောင်လှိုင်နှင့်အပေါင်းအပါ ၆ ဦး၊ ပျူစောထီးခေါင်းဆောင် ဝါသ၀တို့ကိုလည်း အကြမ်းဖက်မှုဖြင့် အမှုဖွင့်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။ 


ပဇီကြီးကျေးရွာတွင် အခမ်းအနားကျင်းပနေချိန် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် သတင်းပေးပို့ခဲ့သော စကစ သတင်းပေး တရားခံများဖြစ်သည့် တရားခံ သိန်းရွှေ (၅၃) နှစ်၊ ဦးချို ၆၁နှစ်၊ ဇော်မင်း (၃၆) နှစ် နှင့် ယဉ်ယဉ်ဝင်း ၃၀နှစ် တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ တရားခံလေးဦးကို ကန့်ဘလူမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၁/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး၊ ပြည်သူ့ရဲတပ်ဖွဲ့မှ ယင်းအမှုအား ခိုင်မာစွာတည်ဆောက်တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 


ထို့ပြင် တရားခံများကို စစ်ဆေးပေါ်ပေါက်ချက်အု အကြမ်းဖက် ပျူခေါင်းဆောင် ဝါသဝနှင့် အပေါင်းအပါ ၂ ဦးတို့ကိုလည်း ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၃/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် လည်းကောင်း၊ မင်းအောင်လှိုင်၊ အပါအဝင် တရားခံ (၆) ဦးတို့ကို ကန့်ဘလူမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၂/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ဖြင့်လည်းကောင်း၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်၍ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရှိရသည်။


ဧပြီလ ၁၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်၌ ပဇီကြီးကျေးရွာတွင် အရပ်သားများဖြင့် အခြေပြုဖွဲ့စည်းထားသော ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ရွာနီးခြောက်စပ်မှ ရွာသူရွာသားများကို ဖိတ်ကြား၍ ရပ်ဓလေ့ရွာဓလေ့အရ ရုံးသစ်တက် အလှူအတန်းအဖြစ် ထမင်းဖိတ်ကျွေးနေစဉ်၊ အကြမ်းဖက်အာကာသိမ်း ဖက်ဆစ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ လက်အောက်ခံလေတပ်မှ Yark-130 တိုက်လေယာဉ်နှင့် MI-35တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် အရပ်သားပြည်သူများအား ဗုံးကျဲတိုက်ခိုက်ခြင်း၊ စက်သေနတ်များ ရော့ကတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ 


ယင်းလေကြောင်းတိုက်ခိုက်မှုတွင် အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ အရပ်သား ပြည်သူ(၁၈၁)ဦးသေဆုံးပြီး အပြင်းအထန် ဒဏ်ရာရရှိသူ ၂၉ ဦးရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

 ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ ရန်ကုန်၊ စက်တင်ဘာ ၈  ပခုက္ကူမြို့နယ...