Friday 28 April 2023

မန္တလေးတွင် စစ်တပ်က လုံခြုံရေးများ ထူထပ်စွာ ချထားသည့်ကြားမှ ရွှေဆိုင် ၂ ဆိုင် ဆက်တိုက် ဓားပြတိုက်ခံရပြီး သိန်းထောင်ချီ တန်ဖိုးရှိ ရွှေထည်ပစ္စည်း များ ပါသွားဟုဆို


 မန္တလေးတွင် စစ်တပ်က လုံခြုံရေးများ ထူထပ်စွာ ချထားသည့်ကြားမှ ရွှေဆိုင် ၂ ဆိုင် ဆက်တိုက် ဓားပြတိုက်ခံရပြီး သိန်းထောင်ချီ တန်ဖိုးရှိ ရွှေထည်ပစ္စည်း များ ပါသွားဟုဆို


ရန်ကုန်၊ ဧပြီ ၂၈ 


မန္တလေးတွင် စစ်တပ်က လုံခြုံရေးများ ထူထပ်စွာ ချထားသည့်ကြားမှ ရွှေဆိုင် ၂ ဆိုင် ဆက်တိုက် ဓားပြတိုက်ခံရပြီး သိန်းထောင်ချီ တန်ဖိုးရှိ ရွှေထည်ပစ္စည်း များ ပါသွားကြောင်း ဒေသပြည်သူများနှင့် မန္တလေးရဲသတင်းရင်းမြစ်တချို့ ထံမှ သိရှိရသည်။ 

 

ယနေ့ ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မီးနစ်အချိန်ဝန်းကျင် ပြည်ကြီး တံခွန်မြိုနယ်၊ ဇ ရပ်ကွက်၊စက်မှု ၁ စျေးရှေ့၊၆၂လမ်း၊၁၃၃×၁၃၄ လမ်းကြား၊အကွက် A-7 ရှိ ''ထက်ဝေယံ'' စိန်ရွှေရတနာဆိုင်ကို လူ ၂ ဦးက ဓားပြတိုက်ရာ ရွှေဆွဲကြိုး ဆိုဒ်စုံ ၁၈ကုံး၊ရွှေနားကပ် ၃၈၀ ရံ၊ရွှေနားဆွဲ ၉၀ ခု၊စုစုပေါင်း ရွှေချိန် ၉၀ကျပ်သားခန့် တန်ဖိုး သိန်း ၂၅၀၀ ကျော် လုယက်ခံရကြောင်း သိရှိရသည်။ 


အလားတူ ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ကလည်း မန္တလေးမြို့၊ ပြည်ကြီး တံခွန်မြို့နယ်၊ စက်မှု ၁ စျေးရှေ့က ထိပ်တန်း ရတနာရွှေဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၂၇၀၀ တန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းများ ပါသွားကြောင်း သိရှိရသည်။ 


"ဓားပြတိုက်ခံရတဲ့နေရာက ပြည်ကြီးတံခွန် တစ်ရပ်ကွက်တည်းမှာ နှစ်ကြိမ် ဖြစ် တာ။ အဲဒီဘက်မှာ လှည့်ကင်း ကင်းပုန်းနဲ့ စစ်ကားတွေ အမြဲလှည့်နေ တာပဲ။ ဒီလောက် လုံခြုံရေးတွေ ချထားတဲ့ကြားထဲက တစ်ကြိမ်တောင်လည်း မဟုတ်ဘူး။ နှစ်ကြိမ်တောင် ဓားပြတိုက်ခံရတယ်။ နှစ်ကြိမ်စလုံး မမိဘူး ဆိုတော့ လည်း စဉ်းစားသာကြည့်။ အမှန်အကန်လား အာဘန်တွေလားဆိုတာ။ တိုက်တဲ့အချိန်တွေကလည်း နေ့လယ်ပိုင်း လူရှုပ်တဲ့အချိန်တွေချည်းပဲ" ဟု မန္တလေးမြို့ခံ ပြည်သူတစ်ဦးက ပြောဆိုသည်။ 


မတ်လ ၂၇ ရက်နေ့ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် ရွှေသန့်စင် လုပ် ငန်း မှ ငွေသား သိန်း ၁၂၀၀ ခန့် ရွှေထည်များ ဓားပြတိုက်ခံရကာ ဓားပြ တိုက်သူများကို နောက်နေ့တစ်ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက သတင်း ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

 ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ ရန်ကုန်၊ စက်တင်ဘာ ၈  ပခုက္ကူမြို့နယ...