Saturday, 22 April 2023
စစ်ကိုင်းမြို့နယ်၊ အင်းစရွာနှင့် တောင်ကြားရွာမှ နေအိမ် ၄၀၀ နီးပါးကို စစ် တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူထောင်ချီ၍ စစ်ဘေးရှောင်နေရ
စစ်ကိုင်းမြို့နယ်၊ အင်းစရွာနှင့် တောင်ကြားရွာမှ နေအိမ် ၄၀၀ နီးပါးကို စစ် တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူထောင်ချီ၍ စစ်ဘေးရှောင်နေရ
ရန်ကုန်၊ ဧပြီ ၂၂
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အင်းစကျေးရွာနှင့်တောင်ကြားကျေးရွာကို စစ်ကောင်စီတပ်များက ယမန်နေ့က စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးရာ ပြည်သူ ထောင်ချီ၍ စစ်ဘေးရှောင်နေရကြောင်း ဒေသ ပြည်သူ များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။
ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် စစ်ကိုင်းမြို့နယ် တလိုင်းကျွန်းရွာမှ ထွက်လာသော အင်အား ၁၀၀ ကျော်ရှိသော စစ်တပ် စစ် ကြောင်းက အင်စရွာကို ရောက်ရှိလာခဲ့ပြီး နံနက် ၉ နာရီ ၂၅ မိနစ်အချိန်တွင် ကျေးရွာကို မီးတင်ရှို့ခဲ့ကြောင်း၊ အိမ်ခြေ ၅၀၀ ခန့်ရှိသော အင်းစကျေးရွာမှာ အိမ်ခြေ ၁၀ လုံးခန့်သာ အကောင်းကျန်ပြီး ရွာလုံးကျွတ် ပြာကျသွားကြောင်း သိရှိရသည်။
ယင်းနောက် အင်းစရွာနှင့် ကပ်လျက် တောင်ကြားရွာမှ နေအိမ် ၁၀ လုံးကို လည်း စစ်ကောင်စီ စစ်ကြောင်းမှ မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊ စစ်တပ်က စစ်ကြောင်းထိုးလာသော ဧပြီလ ၂၀ ရက်နေ့ ညပိုင်းမှ စ၍ စစ်ကိုင်းမြို့နယ် တလိုင်းကျွန်း၊ ညောင်ပင်ရှည်၊ အင်းစ၊ တောင်ကြား ၊မူးသာ၊ မန်ကျည်းကုန်း ရွာမှ ပြည်သူထောင်ချီ၍ စစ်ဘေးရှောင်နေရ ကြောင်း သိရှိရသည်။
"စစ်ကိုင်းမြို့နယ် အင်းစရွာကို မနေ့ နံနက် ၉နာရီက စစ်တပ်က မီးရှို့တာ ရွာလုံးကျွတ်နီးပါး မီးထဲပါတယ်။ ရွာသားတစ်ယောက်ဖမ်းသွားပြီး နွားလေး ကောင် ကို သတ်သွားတယ်။ ထွန်စက်၊ဆိုင်ကယ် စပါး၊ ဂျုံ လှောင်ရုံများ မီး ထဲပါ ဆုံးရှုံးပါတယ်။ အင်းစရွာက အိမ်ခြေ ၅၀၀ လောက်ရှိတဲ့နေရာမှာ ၁၀ ဂဏန်းလောက် ကျန်တယ်။ နောက်ပြီး တောင်ကြား ကျေးရွာ ကို စစ်တပ်က ထပ်၀င်ပြီး အိမ် ၁၀လုံး ရှို့သွားတယ်။ မြင်းမူမြို့နယ်ကနေ မူးမြစ်ကူးပြီး စစ်ကြောင်းထိုးလာတာ။ ရေနည်းချိန်ဆိုတော့ မြစ်ကို အသာလေးဖြတ်ကူးပြီး နောက်ကပတ် စစ်ကြောင်း ၀င်ထိုးတာ" ဟု စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...

-
တပ်ရင်းမှူးများရဲ့အခန်းကဏ္ဍ အရေးကြီးပြီ …………………………………………… အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ...
-
တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၈၂ မြို့ ▪︎PDF တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ ၈ မြို့ရှိလာ -ဒီပ/ People's ...
-
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
No comments:
Post a Comment