Saturday 22 April 2023

မြဝတီမြို့၊ ကျောက်မိုင်းဒေသတွင် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံးကာ ခဲယမ်းများ သိမ်းဆည်းရရှိ


 မြဝတီမြို့၊ ကျောက်မိုင်းဒေသတွင် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံးကာ ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဧပြီ ၂၂ 


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်မိုင်းဒေသသို့ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်၊ လက် နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ် သားတစ်ဦးသေဆုံးကာ ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့က အကြမ်းဖက်စ်ကောင်စီတပ်မှ အမြှောက်၊ ဟောင်ဝိုက်ဇာ များဖြင့် အကြိမ်များစွာပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ နယ်မြေစိုးမိုးထားသော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း၊ နယ်မြေ ရှင်းလင်းရေးဆောင်ရွက်စဉ် အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျန်ရစ်ခဲ့သော လက်နက်၊ ကျည်များနှင့် အသုံးဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 


အထိနာသော အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် တနေကုန် ပစ်ခတ်ခဲ့သော်လည်း ထိုးဖောက် ဝင်ရောက်နိုင်ခြင်းမရှိပဲ ကျောက်မိုင်းဒေသရှိ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးကာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဧပြီလ ၂၁ ရက်နေ့ နေ့လည်ပိုင်းက Yak -130 ဂျက်ဖိုက်တာတိုက်လေယာဉ်ဖြင့်လည်းကောင်း၊ ယဗန့ ဧပြီလ ၂၂ ရက် နံနက် အစောပိုင်း ၁ နာရီ ခန့်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ထပ်မံလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


အဆိုပါ အကြမ်းဖက်စစ်သားများကို တပ်မဟာ ၆ KNU/KNLA ပူးပေါင်းတပ်ဖွဲ့ ၊ ကော်ဘရာစစ်ကြောင်း (၁) ၊ ကော်ဘရာစစ်ကြောင်း(၂) ၊ ကျားသစ်နက် စစ်ကြောင်း၊ Federal Wings ၊ Golden Eagle ၊ရောင်နီ တို့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြဝတီမြို့အနီးနေရာအများအပြားအား ဖြန့်ကျက်နေရာယူကာ အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း ကျားသစ်နက်စစ်ကြောင်း က ထုတ်ပြန် ထားသည်။

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...