Monday 3 April 2023

မြဝတီမြို့နယ်၌ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၁ ဦးသေဆုံး၊ မင်းကင်းတွင် တပ်စွဲထားသော စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံ


 မြဝတီမြို့နယ်၌ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၁ ဦးသေဆုံး၊ မင်းကင်းတွင် တပ်စွဲထားသော စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး


ရန်ကုန်၊ ဧပြီ ၂ 


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲအတွင်း စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Cobra Column စစ်​ကြောင်း ထံမှ သိရသည်။


ဧပြီလ ၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်နှင့် ၅၅ မိနစ်တို့တွင် အကြမ်းဖက် စစ်တပ်က Jet Fighter – SU-30(SME) ဖြင့် ၂ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီးဟတော်လှန်ရေး ရဲဘော်များ ထိခိုက်မှုမရှိကြောင်း သိရသည်။ 


ဧပြီလ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်စဥ် Cobra Column ရဲဘော်များက Sniper ဖြင့် ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


ထို့ပြင် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မအူရွာ၌ တပ်စွဲထားသော စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မင်းကင်း အမှတ် ၁၁ တပ်ရင်းထံမှ သိရသည်။


မတ်လ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် မင်းကင်းမြို့နယ်၊ မအူ ပျူစောထီးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ကာကွယ်ရေး တပ်ဖွဲ့များက ၆၀ မမ၊ ၄၀ မမ တို့ဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် တိုက်ခိုက်ခဲ့​ကြောင်း၊ ထို့ပြင် စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင်၊ အမှတ် ၁၁တပ်ရင်း၊ မင်းကင်းနှင့် မဟာမိတ်တပ်ဖွဲ့ KG တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...