Monday 3 April 2023

ကျည်စုရင်း အကြွေးပိလာသော မကွေးတိုင်းအစွန်အဖျားမှ PDF များ


 ကျည်စုရင်း အကြွေးပိလာသော မကွေးတိုင်းအစွန်အဖျားမှ PDF များ

----------------------------

မကွေးတိုင်းအစွန်အဖျား ဆိတ်ဖြူ၊ ပေါက်၊ ရေစကြိုနှင့် မြိုင်မြို့နယ်တို့ရှိ PDF အဖွဲ့များသည် နယ်မြေချင်း ထိစပ်နေသော စစ်ကိုင်းတိုင်းမှ မြောင်၊ ဆားလင်းကြီး၊ ပုလဲ စသည့် မြို့နယ်များရှိ PDF အဖွဲ့များနှင့် ချိတ်ဆက်ကာ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့်အပြင် နယ်မြေအတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းများနှင့် ဂိတ်စခန်းများကို ရရာနည်းဖြင့် ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။


အင်အားရာဂဏန်းရှိသော်လည်း အချို့အဖွဲ့များမှာ ရဲစခန်းကို တိုက်ခိုက်ရာသို့ လိုက်ပါခြင်း မပြုဘဲ စစ်ကောင်စီဘက်မှ စစ်ကူရောက်လာနိုင်မည့် လမ်းကြောင်းများကို ကြိုတင်ဟန့်တားနိုင်ရေး တာဝန်ယူရသည်။


တိုက်ပွဲဖော်ဆောင်ရေးအတွက် လိုက်လံစည်းရုံးရသည်ရှိသော်လည်း အချို့အဖွဲ့များမှာ ဖုန်းလှမ်းဆက်ရုံနှင့် လိုက်ပါလာကြသည်ဟု PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။


“လိုအပ်တဲ့နေရာကို တာဝန်ယူကြတယ်။ ဖုန်းလေးပဲ ဆက်လိုက်ရုံနဲ့ ရောက်ချလာတာတွေလည်း ရှိတယ်။ လက်နက်ကြီးပြောင်းပဲ ထမ်းရထမ်းရ၊ အဖူးပဲ ထမ်းရထမ်းရ၊ ဘက်ထရီအိုးပဲ ထမ်းရထမ်းရဆိုပြီး လိုက်လာတဲ့သူတွေလည်း ပါတယ်” 


စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနိုင်သည်အထိ လူအင်အားရှိသော်လည်း PDF အဖွဲ့များနောက် မပျက်မကွက် လိုက်နေသည်မှာ အကြွေးပင်။


ဆောင်းပါးအပြည့်အစုံဖတ်ရန် >>> https://myanmar-now.org/mm/news/30535/

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...