Saturday 29 April 2023

ဗဟန်းတွင် တော်လှန်ရေး ရဲဘော်များကို ဖမ်းဆီးရာတွင် အဓိက ပါဝင်ခဲ့သူ အငြိမ်းစား ဗိုလ်မှူး ရဲမင်းသန်း ပစ်ခတ်ခံရပြီး သေဆုံး


 ဗဟန်းတွင် တော်လှန်ရေး ရဲဘော်များကို ဖမ်းဆီးရာတွင် အဓိက ပါဝင်ခဲ့သူ အငြိမ်းစား ဗိုလ်မှူး ရဲမင်းသန်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၉ 

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်တွင် အငြိမ်းစား ဗိုလ်မှူး ရဲမင်း သန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း စစ်တပ်ထောက်ခံသော သတင်းစာ မျက်နှာတချို့၏ သတင်းထုတ်ပြန်ချက်နှင့် ဒေသပြည်သူတချို့၏ ပြောဆိုချက် များ အရ သိရှိရသည်။ 

ဧပြီလ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်အချိန် ဗဟန်းမြိုနယ်၊ကျိုက္ကဆံ ရပ်ကွက်၊ငမောက်လမ်းနှင့် မဟူရာလမ်းထောင့်တွင် အငြိမ်းစား ဗိုလ်မှူး ရဲမင်းသန်း အသက် ၅၅ နှစ်သည် ကားဖြင့် ထွက်လာစဉ် သေနတ် သမား တချို့က ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။ 

"ကားနဲ့ ထွက်လာတာကို စောင့်ပြီး ပစ်တာ။ လက်ရှိတော့ အနီးအနား ပတ်ဝန်း ကျင်မှာ ရဲနဲ့စစ်တပ်တွေ အများကြီးချ ပြီး စစ်ဆေးတာတွေရှိတယ်။ အဲဒီ လောက် လုံခြုံရေးတွေ တအားချပြီး စစ်ဆေးပုံအရတော့ စစ်တပ်နဲ့ ပတ်သက် နေမယ်ထင်ပါတယ်" ဟု ဗဟန်း မြို့နယ်၊ ကျိုက္ကဆံရပ်ကွက်မှ ပြည်သူ တစ်ဦးက ပြောသည်။ 

ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့က အငြိမ်းစား ဗိုလ်မှူး ရဲမင်းသန်းသည် တော် လှန် ရေး ရဲဘော်များနှင့် UG များကို အဓိက ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်ခဲ့ ကြောင်း ပြောဆိုသည်။။ 

"တော်လှန်ရေး အင်အားစုတွေကို ဖမ်းဆီးတဲ့နေရာမှာ အဓိကပါဝင်တယ်/ သူ့ ကြောင့် ရဲဘော်အများအပြား ဖမ်းဆီးခံရတယ်" ဟု ရန်ကုန်မြို့ပြပျောက်ကြား တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...