Friday 7 April 2023

ရွှေက္ကိုလ် တိုက်ပွဲကြောင့် ထိုင်းဘက်သို့ ထွက်ပြေး တိမ်းရှောင်လာကြသည့် မြန်မာ စစ်ဘေးရှောင် ၈၀၀၀ ကျော် အထိ ရှိလာ


ရွှေက္ကိုလ် တိုက်ပွဲကြောင့် ထိုင်းဘက်သို့ ထွက်ပြေး တိမ်းရှောင်လာကြသည့် မြန်မာ စစ်ဘေးရှောင် ၈၀၀၀ ကျော် အထိ ရှိလာ


ရန်ကုန်| ဧပြီ ၇


ကရင်ပြည်နယ် မြ၀တီမြို့နယ် ရွှေကုက္ကိုလ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့် ထိုင်းနိုင်ငံထဲသို့ ယခုရက်ပိုင်းအတွင်း သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်ဦးရေမှာ ၈ ထောင်ကျော်လာ ပြီဖြစ်ကြောင်း သိရှိရသည်။ 


ဧပြီလ ၅ ရက်နေ့ မြ၀တီမြို့အနီးတွင် ရှိသည့် ရွှေကုက္ကိုလ်-ထီးကော်ထောရွာ တွင် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF ကင်းစခန်း (၂) ခုကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ် KNLAနှင့် ပြည်သူ့ကာကွယ်ရေး မဟာ မိတ် ပူးပေါင်း အဖွဲ့က တိုက်ခိုက်ခဲ့မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


တိုက်ပွဲစဖြစ်နေချိန်မှစ၍ ဒေသခံ ၅၀၀၀ ကျော်က ထွက်ပြေး တိမ်းရှောင်ခဲ့ရာမှ ယနေ့ ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းအထိ စစ်ရှောင်ဦးရေ ၈ ထောင်ကျော်နေပြီး ဖြစ်ကြောင်း မဲဆောက်နေ မြန်မာစစ်ဘေးရှောင် အရေး ကူညီပေးနေသူ တစ် ဦးက ပြောသည်။ 


 "မြ၀တီဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ရှောင်တွေကတော့ နေ့တိုင်း နီးပါး ဒီဖက် ထိုင်းဖက်ကို စစ်ရှောင်လာတာ အများကြီးပဲ အရမ်းများလာနေပြီ ဖြစ် တယ်။ ၈၀၀၀ ကျော်လာပြီးဖြစ်တယ်"ဟု ပြောသည်။


လက်ရှိတွင် ထွက်ပြေး တိမ်းရှောင်လာနေသည့် စစ်ဘေးရှောင် ဒုက္ခသည်များ ကို ထိုင်းအာဏာပိုင်များကလည်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ကူညီပေးထားကြောင်း ၊စစ်ရှောင် ၈ ထောင်ကျော် တိုးလာနေကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အာဏာပိုင်းများ၏ ထုတ်ပြန်ချက် အရ သိရသည်။


"နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေဟာ မဲရမဒ်ခရိုင်နဲ့ မဲဆောက်အတွင်းရှိ ယာယီ ဘေးကင်းရာတွေမှာ နေထိုင်ခွင့် ပြုထားတယ်။ လူပေါင်း ၈၀၀၀ ကျော်ပြီး ဖြစ်တယ်။ ကလေးငယ်တွေ အပါအဝင် သက်ကြီး ရွယ်အိုတွေလည်း အများအပြား ပါဝင်နေတယ်။ ကျွန်တော်တို့ ထိုင်း အစိုးရက ဆေးဘက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့တွေနဲ့ စေတနာ့ ဝန်ထမ်း ချိတ်ဆက်ပြီး ပြုစု စောင့်ရှောက် ပေးနေတယ်"ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့က တာဝန်ရှိသူ တစ်ဦးက ၎င်း၏ လူမှုကွန်ရက်၌ ရေးသားဖော်ပြထားသည်။


ထိုကြောင့် ယခု လက်တလော ထိုင်းဖက်ကို ရောက်ရှိနေသည့် မြန်မာစစ်ဘေး ရှောင် ဒုက္ခသည်များ၏ စားနပ်ရိက္ခာနှင့် နေထိုင်စရာ ယာယီအမိုးအကာများကို တက်နိုင်သည့်ဖက်က ပါဝင် ကူညီထောက်ပံ့ပေးနိုင်ကြောင်း စစ်ဘေးရှောင် အရေး ကူညီပေးနေသူများထံမှ သိရသည်။ 

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...