Friday 7 April 2023

မန္တလေး၊ ပုသိမ်ကြီးတွင် EPC ရုံးစောင့် ရဲဒုတပ်ကြပ် အောင်နွယ်စိုး ပစ်ခတ် ခံရပြီး သေဆုံးကာ လက်နက် ပါသွား၊ တမူးနှင့်မတ္တရာတို့တွင် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေး၊ ပုသိမ်ကြီးတွင် EPC ရုံးစောင့် ရဲဒုတပ်ကြပ် အောင်နွယ်စိုး ပစ်ခတ် ခံရပြီး သေဆုံးကာ လက်နက် ပါသွား၊ တမူးနှင့်မတ္တရာတို့တွင် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ ဧပြီ ၇ 


မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာ ကျေးရွာရှိ လျှပ်စစ်ဓာတ် အားခွဲရုံ EPC ရုံးအစောင့် ရဲဒုတပ်ကြပ် အောင်နွယ်စိုး ပစ်ခတ်ခံရပြီး သေဆုံး ကာ ၎င်းကိုဆောင်သော သေနတ်ကို ပစ်ခတ်သူများက ယူဆောင်သွားကြောင်း သိရှိရသည်။ 


ဧပြီလ ၆ ရက်နေ့ ညနေ ၆ နာရီအချိန် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် အောင် ချမ်းသာကျေးရွာ လျှပ်စစ်စစ်ဓာတ်အားခွဲရုံတာဝန်ကျ ရဲဒုတပ်ကြပ် အောင်နွယ် စိုး သည် ကွမ်းယာထွက်ဝယ်စဉ် ဆိုင်ကယ်သမား ၂ ဦးက ပစ်ခတ်ရာမှ ပွဲချင်း ပြီး သေဆုံးသွားကြောင်း ၊ ၎င်း ကိုင်ဆောင်သည့် MA13 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ၅ တောင့်၊ ကျည်ဘောက် ၁ ခု ပါသွားကြောင်း သိရှိရသည်။ 


ထို့အတူ ဧပြီလ ၆ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်အချိန် စစ်ကိုင်းတိုင်း တမူး မြိုနယ်၊မြေနီကုန်းကျောင်းတိုက်တွင် လုံခြုံရေးစောင့်နေသည့် ပျူစောထီး (ခေါ် ) ပြည်သူ့စစ် အဖွဲဝင်တစ်ဦးကို တမူးPDF အဖွဲ့က စနိုက်ပါဖြင့် ပစ်ခတ် ရာမှ ကျည်ထိမှန်သေဆုံးသွားကြောင်း သိရှိရသည်။ 


အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကဘဲရွာနေ လက်နက်ကိုင် ပျူစောထီး ပြည့်စုံအောင်ကို လမ်းကြုံဝင် ရောက်ပစ်ခတ်ရာ နေရာမှာပင် သေဆုံးသွားကြောင်း မြနန္ဒာစစ်ဆင်ရးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယနေ့ ဧပြီလ ၇ ရက် နံနက် ၁၁ နာရီခန့်က ကဘဲရွာအတွင်းနေထိုင်ပြီး လက်နက်ကိုင်ကာ ကျေးရွာ အဝင်အထွက်စစ်ဆေးခြင်း၊ ကင်းပတ်ခြင်း များပြုလုပ်နေသည့် အသက် ၃၁ နှစ်ရွယ် ပြည့်စုံအောင်သည် ဖုန်းဆိုင်အတွင်း ထိုင်နေသည်ကို တွေ့ရှိသဖြင့် လမ်းကြုံဝင်ရောက်ပစ်ခတ်ခဲ့ရာ ဦးခေါင်း ကျည်တစ်ချက်၊ လည်ပင်း ကျည်တစ်ချက်ထိမှန်ကာ နေရာမှာပင် သေဆုံးသွား ခြင်းဖြစ်ကြောင်း သိရသည်။


“ကဘဲရွာထဲက ဖုန်းဆိုင်ထဲမှာ ထိုင်နေတာတွေ့လို့ လမ်းကြုံဝင်ရှင်းခဲ့တာ၊ တမင် မစ်ရှင်လုပ်တာ မဟုတ် ဘူး၊ ရွာထဲမှာ ဆိုတော့ ပစ်ပြီးတန်းဆုတ်ခဲ့ရာ၊ ဘာမှ မယူနိုင်ခဲ့ဘူး၊ ကျနော်တို့ ဆုတ်တဲ့အထိတော့ ခွေး တွေလိုက်မလာဘူး” မြနန္ဒာစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံ သို့ ပြောကြားသည်။


ဓာတ်ပုံ- ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာ ကျေးရွာရှိ လျှပ်စစ်ဓာတ် အားခွဲရုံ EPC ရုံးအစောင့် ရဲဒုတပ်ကြပ် အောင်နွယ်စိုး ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။
 

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...