Sunday 30 April 2023

ရှမ်း-ကရင်နီတိုက်ပွဲများတွင် ဗိုလ်မှူးကြီး ၊ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ် ကြီး၊ ဗိုလ် အပါအဝင် အရာရှိများ ဆက်တိုက် သေဆုံးနေ


 ရှမ်း-ကရင်နီတိုက်ပွဲများတွင် ဗိုလ်မှူးကြီး ၊ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ် ကြီး၊ ဗိုလ် အပါအဝင် အရာရှိများ ဆက်တိုက် သေဆုံးနေ


ရန်ကုန်၊ ဧပြီ ၃၀ 


ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် အစပ် တိုက်ပွဲများတွင် ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် အရာရှိများ ဆက်တိုက် သေဆုံးနေကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောသည်။ 


ဧပြီလ ၂၄ ရက်နေ့မှ ဧပြီလ ၂၇ ရက်နေ့ အထိ ရှမ်းပြည်နယ်နှင့်ကရင်နီပြည်နယ်အစပ် ဖယ်ခုံ၊ ပင်လောင်း၊ မိုးဗြဲတို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများတွင် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၂ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂) မှ ခေတ္တဗျူဟာမှူး ဗိုလ်မှူးကြီးမျိုးမင်းညွန့်၊ ဗိုလ်ကြီး ဇင်ကိုကိုလွင်၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးတချို့၊ ဗိုလ်ကောင်းထက်စံ အပါအဝင် အရာရှိများ ဆက်တိုက်သေဆုံးခဲ့ကြကြောင်း သိရှိရသည်။ 


"ကရင်နီနဲ့ ရှမ်းပြည်နယ်အစပ် တိုက်ပွဲတွေမှာ ဗိုလ်မှူးကြီးတွေ၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးတွေ၊ ဗိုလ် ကြီး၊ ဗိုလ်မှူး၊ ဗိုလ်တွေ တောက်လျှောက်ကျနေတယ်။ ကျတာတွေက အလောင်းတောင် ပြန် ကောက်မရတဲ့အထိ ဖြစ်နေတာ။ ဒါကြောင့် ကရင်နီဘက်ကို အတွဲလိုက်ဒုံးတွေ၊ လက်နက်ကြီးတွေ၊ လေယာဉ်တွေ၊ ရဟတ် ယာဉ်တွေနဲ့ ချေမှုန်းရေး အကြီးအကျယ် ထိုးစစ်ဆင်နေတာပါ။ တပ်ဘက်က အထိနာကတော့ အရမ်းကို အထိနာနေတာ" ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။ 


ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်တချို့၏ အဆိုအရ စစ်ကောင်စီတပ်က ကရင်နီပြည်နယ်ကို ထိန်းချုပ်ရန် ရှမ်း ပြည်နယ်တောင်ပိုင်းနှင့်ကရင်နီပြည်နယ်အစပ်မှ ဆက်တိုက် ထိုးစစ်ဆင်နေသည့်အပြင် ၎င်းတို့၏ တပ်စခန်းနှင့် ဗျူဟာကျသော စခန်းကုန်းမကျစေရေးအတွက် မတ်လနှင့်ဧပြီလအတွင်းတွင် ဆက်တိုက် စစ်ကြောင်းများ ချီတက် ထိုးစစ်ဆင်နေကြောင်း၊ သို့ရာတွင် လက်ရှိအချိန်အထိ စစ်တပ်၏ ထိုးစစ်ဆင်မှုများကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက ခုခံတော်လှန်ထိန်းချုပ်နိုင်ထားကြောင်း ပြောဆိုသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...