Saturday, 29 April 2023
ရန်ကုန်-မော်လမြိုင် လမ်းမကြီးရှိ လုံခြုံရေး ယူထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၄ ဦးသေဆုံး
ရန်ကုန်-မော်လမြိုင် လမ်းမကြီးရှိ လုံခြုံရေး ယူထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၄ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၂၉
ရန်ကုန်-မော်လမြိုင် လမ်းမကြီးရှိ လုံခြုံရေး ယူထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း Hawk Revolutionary Squad - HRS အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းမကြီးရှိ ဘီးလင်း-သထုံ လမ်းပိုင်း၊ ရွှေရောင်ပြကျေးရွာ အနီးတွင် အင်အား ၂၀ ခန့်ဖြင့် လမ်းကင်း လုံခြုံရေး ယူထားသော စစ်သားများကို တော်လှန်ရေး အင်အားစုများက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ခွဲ ၃၊ HRS နှင့် သထုံပကဖ ပူးပေါင်းတပ်ဖွဲ့မှ Drone အပါအဝင် မြေပြင်မှအနီးကပ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ထိတွေ့ ပစ်ခတ်မှု မွန်းလွဲ ၂ နာရီ ခန့်အထိဖြစ်ပွားခဲ့ကြောင်း၊ ပူးပေါင်းတပ်မှ Drone ဖြင့် ကနဦးစတင် တိုက်ခိုက်မှုတွင် ထိမှန် လဲကျသွားသူများအား လူနာတင်ယာဥ်ဖြင့် လာရောက် သယ်ယူသည့် အချိန်တွင် မြေပြင်တပ်ဖွဲ့မှ ၄၀ မမ များ၊ လက်နက်ငယ်များဖြင့် အနီးကပ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ အဆောက်အဦးကို Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ဗုံးသီးအားလုံး အဆောက်အဦး အတွင်းသို့ ကျရောက် ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။
စစ်တပ်ဘက်မှလည်း လက်နက်ငယ်များ၊ ၄၀ မမ များဖြင့်တရစပ် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး အနီးနားရှိ အမတ ၃၁၄ (ဇီးဝန်း) မှလည်း လက်နက်ကြီးများဖြင့်ဆက်တိုက် ပစ်ကူပေးခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...

-
တပ်ရင်းမှူးများရဲ့အခန်းကဏ္ဍ အရေးကြီးပြီ …………………………………………… အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ...
-
တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၈၂ မြို့ ▪︎PDF တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ ၈ မြို့ရှိလာ -ဒီပ/ People's ...
-
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
No comments:
Post a Comment