Sunday, 9 April 2023
စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီ အကန့်အသတ်ဖြင့်သာ ရောင်းချပြီး ကားများတန်းစီရပြန်
စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီ အကန့်အသတ်ဖြင့်သာ ရောင်းချပြီး ကားများတန်းစီရပြန်
ရန်ကုန်၊ ဧပြီ ၉
အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတွင်းသို့ စက်သုံးဆီ တင်သွင်းမှု လျှော့ချလိုက်ပြီးနောက် စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီများ ပြတ်လပ် ပြီး ကားများကို အကန့်အသတ်ဖြင့်သာ ရောင်းချနေရသဖြင့် တန်းစီ ဝယ်ယူရကြောင်း သိရှိရသည်။
"တချို့ဆိုင်တွေ ဒီဇယ်မရဘူး၊ 92 မရဘူး။ ဆိုင်ထဲမှာ လက်ကျန်မရှိတော့ဘူးဆိုပြီး လက်ခါပြတယ်။။ ရောင်းတဲ့ဆိုင်တွေမှာ တစ်စီးကို 92 ဓာတ်ဆီ နှစ်သောင်းဖိုး ရောင်းပေးတယ်။ အရမ်းကြီးတော့ တန်းမစီရပေမယ့် ၁၅ မိနစ်လောက်တော့ တန်းစီရတယ်။ အခုက ကားတွေက အကုန် ခရီးထွက်ကြလို့ မြို့ထဲမှာ သိပ်တန်းမစီရတာ။ သင်္ကြန်ပြီးရင်တော့ ကြိတ်ကြိတ်တိုး တန်းစီရမယ်ထင်တယ်" ဟု ရန်ကုန်မှ တက္ကစီအငှားယာဉ်မောင်တစ်ဦးက ဆိုသည်။
ဧပြီလ ၇ ရက်နေ့ ညနေပိုင်းမှစတင်၍ အမြန်လမ်းတွင် ခရီးထွက်ကြသည့်ကားများဖြင့် စည်ကားနေခဲ့ရာ အမြန်လမ်း စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီ လိုသလောက် မရဘဲ ကားတစ်စီးလျှင် ငွေကျပ် ၂ သောင်းနှုန်းသာ ဆီရောင်းချပေးသည်ဟု သိရှိရသည်။
"ရန်ကုန်မှာလည်း ဆီအပြည့်ဖို့ နှစ်ဆိုင် သုံးဆိုင်တန်းစီပြီး ဆီဖြည့်ပြီးမှ ထွက်လာတာ။ အမြန်လမ်းမှာ ဆီမရမှာ စိတ်ပူထပ်ဖြည့်တာ အပြည့်မရောင်းဘူး။ တစ်စီးကို 92 ဓာတ်ဆီ နှစ်သောင်းဖိုးပဲ ရောင်းပေးတယ်။ အပြန်ကျရင်တော့ ဘယ်လိုဖြစ်မယ်မသိဘူး" ဟု အမြန်လမ်း ၁၀၅ မိုင်တွင် ဆီဝင်ဖြည့်ခဲ့သူ ရန်ကုန်မှ ခရီးသွား ပြည်သူတစ်ဦးက ဆိုသည်။
ထို့ပြင် စက်ရုံ၊ အလုပ်ရုံများ၊ မီးစက်အသုံးပြုသူများအနေဖြင့် ဒီဇယ်နှင့်ပရီယံဒီဇယ် လုံး၀ ဝယ်ယူ၍ မရကြောင်း ၊ စက်သုံးဆီစျေးနှုန်းများမှာလည်း အဆမတန် မြင့်တက်နေပြီး 92 ဓာတ်ဆီ တစ်လီတာလျှင် ရန်ကုန်စျေး ၂၂၅၀ ကျပ်၊ 95 ဓာတ်ဆီ တစ်လီတာလျှင် ရန်ကုန်စျေး ၂၃၁၅ ကျပ်၊ ပရီယံ ဒီဇယ်ဆီ တစ်လီတာလျှင် ရန်ကုန်စျေး ၂၂၃၀ စျေးပေါက်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဧပြီလ ၈ ရက်နေ့ ညနေပိုင်း လှည်းကူး စက်သုံးဆီဆိုင်တွင် ကားများ တိုးကြိတ်နေစဉ်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
Mr Kyi Hlah, who was a winner of a raffle fundraising ticket that was made for supporting the local anti-junta resistance forces in Khin-U ...
-
Thai military raids Mae Sot hideout of supposed anti-regime forces March 23, 2023 The Thai military raided a four-story building in Mae Sot...
-
▪︎ဆောင်းပါး AA ကိုင်ထားသည့်ဝှက်ဖဲ သရဖူ/People's Spring ဆိုးရွားလှသည့် ပြစ်မှုများကျူးလွန်ခဲ့သူဖြစ်သော် လည်း ယခုအခါ ကြိုးချီထားသော လက်န...

No comments:
Post a Comment