Saturday 27 May 2023

၂ လကြာ တိုက်ပွဲအတွင်း BGF စခန်း ၃ ခု သိမ်းပိုက်နိုင်ပြီး အကြမ်းဖက်စစ်ကောင်စီ ၁၁၄ ယောက် သေဆုံး...


 ၂ လကြာ တိုက်ပွဲအတွင်း BGF စခန်း ၃ ခု သိမ်းပိုက်နိုင်ပြီး အကြမ်းဖက်စစ်ကောင်စီ ၁၁၄ ယောက် သေဆုံး... 


တော်လှန်ရေး ရဲဘော် ၁၁ ယောက် ကျဆုံးပြီး ၃၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို ဒရုန်း ၄ စင်း ပျက်စီးဆုံးရှုံးခဲ့...

+++++++++++++

မေ ၂၇ 


တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ တပ်မဟာ (၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း ၁ ၊ ကော်ဘရာစစ်ကြောင်း ၂ ၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle ၊ Federal Wings ၊ ရောင်နီ တို့နဲ့အကြမ်းဖက်စစ်တပ်ဖက်က တပ်မ(၄၄)၊ မ(၂)၊ ခလရ(၂၇၅)၊ ခမရ(၃၅၅)၊ လ (၈)၊ BGF၁၀၁၉ တပ်ရင်း၊  ခမရ(၁၁၈)၊ သင်္ကန်းညီနောင်ဗျူဟာစတဲ့ စကစတပ်ဖွဲ့တွေ ၂ လကြာ ရင်ဆိုင်တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ Cobra Column က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ 


အဲဒီ ၂  လကြာ တိုက်ပွဲတွေအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် ၁၁၄ ယောက် သေဆုံးပြီး ၁၂၉ ယောက် ဒဏ်ရာရခဲ့သလို (၁၁)ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ခဲယမ်းတွေအနေနဲ့ ၆၀မမ ပြောင်းရှည် (၁)လက်၊ ၆၀မမပြောင်းတို (၁)လက်၊ ၄၀မမ (၁)လက် အပါအဝင် လက်နက်မျိုးစုံ စုစုပေါင်း (၄၁) လက် သိမ်းဆည်းရမိခဲ့တဲ့အပြင် စစ်ကောင်စီလက်အောက်ခံ BGFစခန်း (၃) ခုကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ယ 


မြေပြင်မှာ အကျအဆုံး အထိအခိုက်တွေများတာကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်က ၂ လတာအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၂ ကြိမ်နဲ့ လက်နက်ကြီးပစ်ခတ်မှု ၁၀၈၁ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 


အကြမ်းဖက်စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် ပြည်သူ ၁ယောက်သေဆုံးခဲ့သလို ၂ ယောက် ဒဏ်ရာရရှိပြီး  ပြည်သူပိုင်အဆောက်အဦး ၄၁ လုံး ပျက်ဆီးခဲ့ကာ ကျွဲ၊ နွား တိရစ္ဆာန် ၁၀ ကောင်ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 


(၂)လတာ တိုက်ပွဲအတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၁၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ၃၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို Drone ၄ စင်း ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...