Saturday 27 May 2023

စစ်မီးဝိုင်းနေတဲ့ မန္တလေး


 💢စစ်မီးဝိုင်းနေတဲ့ မန္တလေးဟာ စကစရဲ့ နောက်ဆုံးခံတပ်ဖြစ်လာမယ်လို့ စစ်ရေးသုံးသပ်သူတွေရဲ့အဆိုဟာ ခိုင်မာသလောက်ရှိလာပါတယ်။

ဒါကို ဒီလတွေမှာ မန္တလေးတဝိုက်ခပ်စိတ်စိတ်

ကြားလာရတဲ့ တို-က်ပွဲတွေနဲ့ စကစကျရှုံးသတင်းတွေကသက်သေခံနေကြတယ်။


မန္တလေးအရှေ့ဘက် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်ကတို-က်ပွဲတွေ

မန္တလေးမြောက်ဘက် မတ္တရာ၊ သပိတ်ကျင်းဘက်ကတို-က်ပွဲတွေ

မန္တလေးတောင်ဘက် တံတားဦး၊ နွားထိုး၊မြင်းခြံက တို-က်ပွဲတွေ

မန္တလေးအနောက်ဘက် စစ်ကိုင်းမင်းဝံတောင်ရိုး

တကြောကတို-က်ပွဲတွေဟာ မန္တလေးနဲ့နေ့ချင်းပြန်သွားလို့ရတဲ့နေရာတွေမှာ အမှန်အကန်

ဖြစ်နေတဲ့ တို-က်ပွဲတွေပါ။


ဒီတို-က်ပွဲတွေကို ဦးဆောင်နေတဲ့ ပြည်သူ့တော်လှန်ရေးတပ်ပေါင်းစုတွေအားလုံးရဲ့ ဦးတည်ချက်ကတော့ မန္တလေးကိုသိမ်းပိုက်နိုင်ရေးပဲဖြစ်ပါတယ်။ မန္တလေး တံတားဦးလေတပ်က တက်လာတဲ့ စကစလေယာဉ်တွေကိုထိန်းချုပ်နိုင်ရင်၊ မန္တလေး နန်းတွင်းစစ်ကြောရေးက ပြည်သူတွေကို နှိပ်စက်နေတဲ့ စကစအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဗဟိုကို တို-က်ခို-က်နိုင်ရင် ဒီတော်လှန်ရေးဟာ ဒီထက်အရှိန်ပိုမြှင့်သွားနိုင်မှာသေချာပါတယ်။


နန်းတွင်းစစ်တပ်ကိုသာ နောက်ဆုံးခံတပ်အနေနဲ့ ဗဟိုပြုလှုပ်ရှားနေရမယ့် စကစကို မြင်ယောင်ကြည့်ကြစမ်းပါ။ ဒုတိယကမ္ဘာစစ်တုန်းက မန္တလေးနန်းမြို့ရိုးကို ဒပ်ဖရင်ခံတပ်အဖြစ်နောက်ဆုံးကျားကန် ခုခံနေရတဲ့ အင်္ဂလိပ်စစ်တပ်လိုပဲ။ ဒီခံတပ်သာ ကျသွားရင် သူတို့မှာ ဆုတ်စရာလမ်းဆိုလို့ ေ-သလမ်းပဲရှိပါတော့မယ်။


ဒီတော့ နောက်ဆုံးခံတပ်ကို ရိုက်ချိုးနိုင်ရေးဟာ MDY-PDF နဲ့ တပ်ပေါင်းစုအားလုံးရဲ့ ပင်မပန်းတိုင်လည်းဖြစ်ပါတယ်။ ဒီပန်းတိုင်ရောက်ဖို့ဟာ ပြည်သူအားလုံးရဲ့ အင်အားနဲ့ဝိုင်းဝန်းကြဖို့လိုပါတယ်။ မန္တလေးနန်းတော်ဟာ မန္တလေးပြည်သူ၊ မြန်မာပြည်သူတွေရဲ့ နှလုံးဗဟိုသာဖြစ်နေရပါမယ်။


မန္တလေးဟာ ဒုတိယကမ္ဘာစစ်အလွန် ဒပ်ဖရင်ခံတပ်ကို အင်္ဂလိပ်တွေဆုတ်ခွာအပြီးမှာ အေဝမ်းဆရာညှာရဲ့ "ပြည်တော်ဝင်"သီချင်းကို မြို့မနဲ့အတူ ဖျော်ဖြေသီဆိုပြီး မြို့သူမြို့သားတွေပျော်ရွှင်စွာနဲ့ မြို့ထဲပြန်ဝင်လာကြဖူးတဲ့ သမိုင်းရှိတဲ့မြို့ပါ။


"အောင်စည်ရွမ်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ" ဆိုတဲ့ သီချင်းစာသားလိုပဲ

အောင်စည်ရွမ်းသံတွေ မန္တလေးအနှံ့ကြားနိုင်ဖို့ 

"ပြည်တော်ဝင် campaign" မှာ အားလုံးဝိုင်းဝန်းပါဝင်ပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေလား


ယဉ်ယဉ်နှောင်း


https://m.facebook.com/story.php?story_fbid=125004053928751&id=100092574694824&mibextid=Nif5oz


#ပြည်တော်ဝင်

#မန္တလေး

#MDYPDF

#ပိတောက်ဖူး

#Lucky2PDF

#SpringMyanmarSociety

#SMS

#CrdOrginalUploader

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...