Monday 1 May 2023

ဟားခါးမြို့နယ်၊ ချွန်ကျူံးရွာတွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး လက်နက်များ သိမ်းဆည်းရမိ


ဟားခါးမြို့နယ်၊ ချွန်ကျူံးရွာတွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး လက်နက်များ သိမ်းဆည်းရမိ


ရန်ကုန်၊ မေ ၁ 


ဟားခါးမြို့နယ်၊ ချွန်ကျူံးရွာတွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့ကြောင်း၊ စစ်တပ်က အထိနာပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 


ဧပြီလ ၃၀ ရက်နေ့ တစ်နေ့လုံး ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာတွင် စစ်ကောင်စီတပ်များနှင့် ချင်းတော်လှန်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်များက ချွန်ကျုံးကျေးရွာတွင် ပြန်လည် အခြေချ တပ်စွဲရန် ကြိုးစားစဉ် တိုက်ပွဲဖြစ်ပွားကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က အထိနာသဖြင့် တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ 


ယ‌မန်နေ့ဧပြီ ၃၀ရက် ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲဖြစ်ပွားပြီး ထို တိုက်ပွဲတွင် ချင်း ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်အချို့သိမ်းယူနိုင်ကြောင်း ဒေသသတင်း ရင်းမြစ် The Chin Post က သတင်းဖော်ပြသည်။ 


"မနေ့က တိုက်ပွဲက ပြင်းထန်တယ်။ လေယာဉ်နဲ့လည်း တောက်လျှောက်ဗုံးကျဲတာ။ ချင်းကာကွယ်ရေးဘက်မှာလည်း အထိအခိုက်တချို့ရှိပါတယ်" ဟု ချင်းတော် လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။ 

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...