Monday 1 May 2023

မုံရွာမြို့ပေါ်၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု ၅ ဦးသေဆုံး


 မုံရွာမြို့ပေါ်၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု ၅ ဦးသေဆုံး


ရန်ကုန်၊ ဧပြီ ၃၀ 


စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Chindwin Attack Force မှ ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။


ယမန်နေ့ ဧပြီလ ၂၉ ရက် ညနေ ၆ နာရီခန့်တွင် အဆိုပါ အကြမ်းဖက် စစ်သားများ တပ်စွဲထားသည့် ကညနရုံးနှင့် စိုက်ပျိုးရေး ရုံးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တပြိုင်တည်းဝင်ရောက် တိုက် ခိုက် အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


“တိုက်ပွဲက နာရီဝက်လောက်ကြာခဲ့တယ်၊ ဝင်တိုက်ခဲ့တဲ့နေရာနှစ်ခုက နီးနီးလေးပဲ၊ နေရာ ၂ ခုပေါင်းရင် စစ်ခွေး အင်အားက ၆၀ လောက်ရှိမယ်၊ တိုက်ပွဲပြီးခါနီးတော့ စစ်ကူလာတယ်၊ အပြန်အလှန်ပစ်ခတ် တိုက် ပွဲဖြစ်ခဲ့တာပါ” ဟု မုံရွာ ခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ တပ်ရင်း - ၃ တပ်ရင်း ၄ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။


အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ တပ်ရင်း - ၃ တပ်ရင်း - ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys ) ၊ မုံရွာခရိုင်အမှတ် (၅) တပ်ရင်း A.S.F (Aung San Force) ၊ မုံရွာခရိုင်တပ်ရင်း (၇) ၊ ယင်းမာပင်တပ်ရင်း (၂၈) ဓားမဆိုင်းတပ်မတော် ၊ 5/UG ၊ MRDA ရင်း (6) တပ်ခွဲ2 စေတန် ၊ Spring Dove နှင့် People's Defense & Revenge Army PDRA တပ်ဖွဲ့တို့ ပူး‌ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မုံရွာ ခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ တပ်ရင်း - ၃ တပ်ရင်း ၄ ၏ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အရေး ပေါ်လက်နက်ခဲယမ်းများစွာ လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...