Monday 1 May 2023

မတ္တရာတွင် စစ်တပ် စစ်ကြောင်းကို ၈ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ပြီး ဒရုန်းဖြင့် ဗုံးကျဲခြင်းကြောင့် စစ်သား ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြား


 မတ္တရာတွင် စစ်တပ် စစ်ကြောင်းကို ၈ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ပြီး ဒရုန်းဖြင့် ဗုံးကျဲခြင်းကြောင့် စစ်သား ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြား


ရန်ကုန်၊ မေ ၁


မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၈ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်ပြီး ဒရုန်းဖြင့် ဗုံးကျဲခြင်းကြောင့် စစ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နတ်ဆိုး မြေအောက် တော်လှန်ရေး တပ်ဖွဲ့ တာဝန်ခံ ဗိုလ်နတ်ဆိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဧပြီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို နတ်ဆိုး မြေအောက် တော်လှန်ရေး တပ်ဖွဲ့မှ မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းကြောင့် စစ်သား ၃ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဧပြီလ ၂၁ ရက်နေ့တွင် အိမ်စီးကားများ အသုံးပြုပြီး စစ်ကြောင်း ထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ပထမအကြိမ် မြှောင်းဦးကျေးရွာ အနီးတွင် မိုင်း ၂ လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ ထုံးဘိုကျေးရွာဘက်မှ ကင်းကျေးရွာဘက်သို့ ဦးတည် မောင်းနှင်လာသည့် စစ်သားများ လိုက်ပါလာသည့် အိမ်စီးကားများကို ကင်းကျေးရွာ အနီးတွင် မိုင်း ၂ လုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 


ဧပြီး ၂၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ထုံးဘိုကျေးရွာမှကင်းကျေးရွာဘက်သို့ ခြေလျင် စစ်ကြောင်းထိုးလာစဥ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ကင်းကျေးရွာ၊ ရွှေပုထိုးတောင်၊ ကျက်ပြင်ကျေးရွာ၊ ငါးလုံးပြွန်ကျေးရွာတို့တွင် အထိုင်ချ တပ်ဆွဲပြီး ပြည်သူပိုင် ပစ္စည်းများကို အဓမ္မခိုးယူပြီး နေအိမ်များကို မီးရှို့ ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်တပ်ကို နတ်ဆိုး မြေအောက် တော်လှန်ရေး ဒရုန်းတပ်ဖွဲ့ ရဲဘော်များက ၄ ရက်ဆက်တိုက် ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


" အသေစာရင်းကတော့ ၃ ကောင် ထက်မနည်းသေတယ်။ ဒဏ်ရာ ရတာလည်း အတော်များတယ် ၈ ရက်အတွင်း မြေပြင်ဝေဟင် တိုက်ခိုက်ခဲ့တာပါ" ဟု နတ်ဆိုး မြေအောက် တော်လှန်ရေး တပ်ဖွဲ့ တာဝန်ခံ ဗိုလ်နတ်ဆိုးကပြောဆိုသည်။


အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ထံမှ အူစီ ကျည်ဘောက် ၂ ဘောက်၊ ၉ မမ ကျည် ၂၀ တောင့်၊ လိုင်စဥ် ၁ ခု၊ ဖုန်းတစ်လုံး G3 ကျည် ၂၂တောင့်နှင့် ရဲယူနီဖောင်းတို့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

 ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ ရန်ကုန်၊ စက်တင်ဘာ ၈  ပခုက္ကူမြို့နယ...