Tuesday 2 May 2023

ဟားခါးမြို့နယ်အတွင်း ယမန်နေ့ တိုက်ပွဲတွင် စစ်သား ၂၀ ဝန်းကျင်သေဆုံးပြီး လက်နက် ၁၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ


 ဟားခါးမြို့နယ်အတွင်း ယမန်နေ့ တိုက်ပွဲတွင် စစ်သား ၂၀ ဝန်းကျင်သေဆုံးပြီး လက်နက် ၁၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ


ရန်ကုန်၊ မေ ၂ 


ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း မေလ ၁ ရက်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်သား ၂၀ ဝန်းကျင်သေဆုံးပြီး လက်နက် ၁၁ လက်နှင့် ခဲယမ်းမျာ သိမ်းဆည်းရမိကြောင်း ချင်းအမျိုးသားတပ်မတော်CNA နှင့် ဒေသသတင်းရင်း မြစ်များက အတည်ပြုပြောသည်။ 


မေလ ၁ ရက်နေ့ နံနက်ပိုင်း ဂန့်ဂေါမြို့နယ်မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ခြေလျင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်၏ တပ်မ ၇၇ စစ်ကြောင်းကို ဟားခါးမြို့နယ်အတွင်းတွင် CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သား ၂၀ ဝန်းကျင်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။ 


တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်၏ သေနတ် ၉လက်၊ ၆၀မမ မော်တာတစ်ခု၊ RPG လောင်ချာတစ်ခု၊ လက်ပစ်ဗုံး ၁၁ လုံး၊ မိုဘိုင်းဖုန်းများနှင့် အခြားစစ်အသုံးအဆောင်များ၊  လက်နက်ခဲယမ်းများကို CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- မေလ ၁ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဝန်းကျင်သေဆုံးပြီး စစ်တပ်၏ လက်နက် ၁၁ လက်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားစဉ်။

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...