Monday 29 May 2023

မြဝတီမြို့နယ်ရှိ စစ်စခန်း ၃ ခုကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင် ထိခိုက် သေဆုံးသူ များပြား


 မြဝတီမြို့နယ်ရှိ စစ်စခန်း ၃ ခုကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင် ထိခိုက် သေဆုံးသူ များပြား


ရန်ကုန်၊ မေ ၂၈


ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း ၃ ခုကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင် ထိခိုက် သေဆုံးသူ များပြားကြောင်း KNDO တပ်ရင်း ၈ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။


မေလ ၂၃ ရက်နေ့တွင် မြဝတီမြို့ တောင်ပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ဝေါ်လေ ဗျူဟာကုန်း၊ မော်ခီး စခန်းနှင့် ကနဲလေး စခန်းတို့ကို KNU/KNLA ၂၀၁ တပ်ရင်း KNDO တပ်ရင်း ၈ နှင့် Federal Wings Drone အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူများပြားကြောင်းသိရသည်။


တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က မော်ခီး စခန်းအနီးရှိ ပနွယ်ဖိုးကလိုးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ခရစ်ယာန် ဘုရားရှိခိုးကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။


"စစ်ခွေး သေစာရင်း အတိအကျတော့ မသိရသေးဘူး။ ပွဲက အခုထိ မပြီးသေးလို့ အနည်းဆုံး စခန်းတစ်ခုမှာ ၁၀ ဦး ထိခိုက်တယ်လို့ ကြားတယ်။ စစ်ခွေးတွေက အနီးအနားက ကျေးရွာတွေကို ၁၂၀ မမ ၈၁ မမ တွေနဲ့ ရမ်းပြီး ပစ်ခတ်နေတယ်" ဟု KNDO တပ်ရင်း ၈ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...