Monday 29 May 2023

ကလေးမြို့နယ်၊ ပေါက်ခုံကျေးရွာအနီး စစ်ကြောင်း မိုင်းဆွဲခံရမှုကြောင့် စစ် သား ၂၀ နီးပါး သေဆုံးမှုတွင် ဗိုလ်ကြီး တင်ကျော်ထွေးပါ သေဆုံး


 ကလေးမြို့နယ်၊ ပေါက်ခုံကျေးရွာအနီး စစ်ကြောင်း မိုင်းဆွဲခံရမှုကြောင့် စစ် သား ၂၀ နီးပါး သေဆုံးမှုတွင် ဗိုလ်ကြီး တင်ကျော်ထွေးပါ သေဆုံး 


ရန်ကုန်၊ မေ ၂၉ 


စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ပေါက်ခုံကျေးရွာအနီး စစ်ကြောင်း မိုင်းဆွဲခံရမှုကြောင့် စစ်သား ၂၀ နီးပါး သေဆုံးမှုတွင် ဗိုလ်ကြီး တင်ကျော်ထွေးပါ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ 


မေလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ကျော်ခန့်အချိန် ကလေးမြို့ တောင်ပိုင်းသို့ ထွက်ခွာလာသည့် အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပေါက်ခုံကျေးရွာအနီးတွင် တော်လှန်ရေး အင်အားစုများက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၀ ဦးနီးပါး သေဆုံးခဲ့ကြောင်း၊ မိုင်းထိသော စစ်ကြောင်းသည် ကလေးမြို့သို့ ပြန်လည် ဆုတ်ခွာလာစဥ် မွန်းလွဲ ၁၂ နာရီခန့်၌ တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုများပြားကြောင်း၊ သေဆုံးသူများတွင် ဗိုလ်ကြီးတင်ကျော်ထွေး ပါဝင်သွားခြင်းဖြစ်သည်ဟု သိရှိရသည်။ 


ဗိုလ်ကြီးတင်ကျော်ထွေးသည် စစ်တက္ကသိုလ် အပတ်စဉ် ၅၀ ကျောင်းဆင်းဖြစ်ပြီး ရန်ကုန်၊ ဗဟန်းဇာတိဖြစ်ကြောင်း၊ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တာဝန်ကျနေစဉ် မိုင်းဆွဲခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...