Monday 29 May 2023

စစ်ကောင်စီတပ်၏ လက်ကိုင်တုတ်တပ် BGF များကို ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


 စစ်ကောင်စီတပ်၏ လက်ကိုင်တုတ်တပ် BGF များကို ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

https://www.tachileik.net/mm/news/32680

* * * * *


ကရင်ပြည်နယ် KNU တပ်မဟာ( ၅ )ထိန်းချုပ်နယ်မြေ၊ မူတြော်ခရိုင်အတွင်း လမ်းကင်းယူနေသည့် စစ်ကောင်စီတပ်၏ လက်ကိုင်တုတ်တပ်ဖြစ်သည့် BGF တပ်ကို ၂၀၂၃ခုနှစ်၊ မေလ ( ၂၆ )ရက်နေ့က တိုက်ခိုက်ခဲ့ရာ BGF တပ်သား( ၅ )ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


KNLA တပ်ရင်း(၁၀၂) ရဲဘော်များက ဝါးဒူးနှင့် လယ်ကွဲကြားရှိဓာတ်ဆီဆိုင်တစ်နေရာ၌ လမ်းကင်းယူနေသည့် BGF-၁၀၁၃ တပ် အား ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ရာ BGF တပ်သား (၅)ဦး သေပြီး လက်နက်မျိုးစုံသိမ်းဆည်းရရှိခဲ့သည်ဟု တပ်မဟာ ( ၅ )က မေလ( ၂၇ )ရက်နေ့က သတင်းထုတ်ပြန်သည်။


သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများမှာ M-16 AR (၄) လက်နှင့် ၎င်းကျည်(၃၂၀)တောင့်၊ M-79 လောင်ချာတစ်လက်၊၎င်းကျည်(၁၇)လုံး၊ ၉ မမ ပစ္စတိုတစ်လက်၊ စစ်ဝတ်တန်ဆာ (၄)စုံ၊ M-16 AR ကျည်ဘောက်(၄)ချပ်၊ စကားပြောစက်တစ် လုံးနှင့် ကျောပိုးအိတ်(၆)လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


#TachileikNewsAgency

Photo: ကေအဲန်ယူ-မူတြော် သတင်းစဉ်

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...