Wednesday 10 May 2023

ခင်ဦး-ရေးဦး လမ်းပိုင်းတွင် စစ်သား ၂ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးလုံး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရမိ


ခင်ဦး-ရေးဦး လမ်းပိုင်းတွင် စစ်သား ၂ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးလုံး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရမိ


ရန်ကုန်၊ မေ ၁၀


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦး-ရေးဦး လမ်းပိုင်းတွင် စစ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရမိခဲ့ကြောင်း ခင်ဦးမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


မေလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် ခင်ဦးမြို့နယ်၊ မူးတိမ်ချောင်း တံတား၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ စစ်သား ၂ ဦးသည် ခင်ဦး-ရေးဦး ကားလမ်းပေါ်သို့ ရောက်ရှိလာစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၂ ဦးလုံး သေဆုံးကာ MA 1- ၁ လက်၊ AK 47- ၁ လက်၊ 5.56 ကျည် - ၁၅ တောင့်၊ ကျည်ဘောက် ၃ ဘောက်တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို ခင်ဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ (မြို့နယ် ပကဖ) နှင့် နယ်မြေခံ ကာကွယ်ရေးအဖွဲ့ (LDF) များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ထိတွေ့ ပစ်ခန်မှုသည့် ၃ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထိခိုက်မှုခမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


ခင်ဦး မြို့နယ် ပကဖ အဖွဲ့သည် ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့ကလည်း ရေဦးမှ စစ်သား ၁၄ ဦး လိုက်ပါသည့် Skat ကားကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ခင်ဦးမြို့ပေါ် မြို့လယ်၌ နယ်ထိန်း ခေါင်းဆောင် ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး G3 လက်နက်ပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။


Khit Thit

( ခေတ်သစ်နှင့် မျက်မှောက်ခေတ်သည် မိတ်ဖက်မီဒီယာဖြစ်သည်) 

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...