Saturday, 13 May 2023

မြဝတီ၊ ဝေါ်လေမြိုင် ဗျူဟာကုန်းနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား


 မြဝတီ၊ ဝေါ်လေမြိုင် ဗျူဟာကုန်းနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား


ရန်ကုန်၊ မေ ၁၃ 


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါ်လေမြိုင်ဗျူဟာကုန်းနှင့် ရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း KNDO တပ်ရင်း ၈ Dron အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


မေလ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြဝတီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဝေါ်လေမြိုင် ဗျူဟာကုန်း၊ ဝေါ်လေမြိုင်မြို့ ရဲစခန်းတို့ကို KNDO တပ်ရင်း ၈ Dron အဖွဲ့နှင့် Fedral Wings ပူးပေါင်း တပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


တိုက်ခိုက်မှု အတွင်း ဗျူကုန်းရှိ လက်နက်ကြီး တပ်စွဲထားရာ နေရာနှင့် ရဲစခန်းအဆောက်အအုံ၊ ဂိတ်တဲတို့ကို ထိမှန်ခဲ့ပြီး စစ်သား ၂၀ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရှိရသည်။


" ဗျူဟာကုန်းနဲ့ ရဲစခန်းကို ဗုံးကျဲတာ ထိခိုက် သေဆုံး ခန့်မှန်းခြေ ၂ဝ ဦး ရှိတယ်။ ဗျူဟာကုန်း လက်နက်ကြီးရှိတဲ့ နေရာကို အတိအကျပဲ ထိတယ်။ ရဲစခန်းလဲ အဆောက်အအုံနဲ့ ဂိတ်ထဲ အတိအကျ ထိမှန်ခဲ့တယ်။ စစ်ခွေးတွေ ဘက်က ရမ်းပစ်တာတော့ရှိတယ်" ဟု KNDO တပ်ရင်း ၈ Dron အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

No comments:

Post a Comment

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...