Monday 22 May 2023

မိုင်းပွန် ခမရ ၅၁၇ တပ်မက ဗိုလ်ကြီး မျိုးသီဟ ကရင်နီပြည်နယ် တိုက်ပွဲမှာ သေဆုံး...


မိုင်းပွန် ခမရ ၅၁၇ တပ်မက ဗိုလ်ကြီး မျိုးသီဟ ကရင်နီပြည်နယ် တိုက်ပွဲမှာ သေဆုံး... 



မင်္ဂလာဆောင် အပြီး ၅ လအကြာ တိုက်ပွဲမှာ သေဆုံးခဲ့တာဖြစ်ပြီး အလောင်းပြန်မရ 

++++++++++++

မေ ၂၂ 


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ၅၁၇ တပ်က ဗိုလ်ကြီးမျိုးသီဟဟာ ကရင်နီပြည်နယ်အတွင်း တိုက်ပွဲမှာ သေဆုံးသွားပြီး အလောင်း ပြန်မရဘူးလို့ မိသားစုနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ဆီက သိရပါတယ်။ 


မေလ ၂၀ ရက်နေ့ မနက် ၅ နာရီအချိန် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲမှာ ဗိုလ်ကြီးမျိုးသီဟ သေဆုံးသွားတာဖြစ်ပြီး အလောင်းပြန်မရဘဲ နေအိမ်ကိုသာ စစ်တပ်က အကြောင်းကြားလာသလို ဗိုလ်ကြီး မျိုးသီဟဟာ အခုနှစ် ဖေဖော်ဝါရီလအတွင်း မင်္ဂလာဆောင်ခဲ့ပြီးနောက် ၅ လအကြာ မေလ ၂၀ ရက်နေ့မှာ တိုက်ပွဲကျတာဖြစ်တယ်လို့ သိရပါတယ်။ 


"သိရသလောက်တော့ မင်္ဂလာဆောင်ပြီးတော့ ခွင့်တောင် သိပ်မရလိုက်ဘူး။ ရှေ့တန်း ထွက်ခိုင်းတာလို့သိရတယ်။ အခု နာရေးကတော့ တပ်ထဲမှာ အလောင်း ပြန်မရဘူး။ မိုင်းပွန် ခမရ ၅၁၇ က ဗိုလ်ကြီးမျိုးသီဟ။ သူ့အမျိုး သမီးဆို ရင်တွေကွဲပေါ့။ မိုင်းပွန်နယ်မှာ အဲဒီ တပ်တစ်ခုပဲရှိတာ" လို့ မိသားစုနဲ့နီးစပ်သူ မိတ်ဆွေက ပြောပါတယ်။ 


လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်းက တပ်များအားလုံးကို ကရင်နီပြည်နယ်ထဲရော၊ ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်မှာပါ အင်အားအလုံးအရင်းနဲ့ ချထားကာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပေမယ့် စစ်ကောင်စီတပ်ဘက်က သေဆုံးမှု အင်မတန်များပြားနေပြီး တပ်ရင်းမှူး၊ ဗျူဟာမှူးကစလို့ အရာရှိများအပါအဝင် စစ်သားများသေဆုံးနေကြတာဖြစ်တယ်လို့ သိရပါတယ်။ 

No comments:

Post a Comment

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...