Tuesday 23 May 2023

မုံရွာတွင် သာစည် ရဲစခန်းမှ ကွမ်းယာ ထွက်ဝယ်သည့် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး


မုံရွာတွင် သာစည် ရဲစခန်းမှ ကွမ်းယာ ထွက်ဝယ်သည့် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး


ရန်ကုန်၊ မေ ၂၂


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် သာစည်ရဲစခန်းမှ ကွမ်းယာဝယ်ရန် ထွက်လာသည့် ရဲနှစ်ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးသွားကြောင်း ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


မေလ ၂၀ ရက် နေ့လည် ၁၂ နာရီခန့်က သာစည်ရဲစခန်းမှ အရပ်ဝတ်ဖြင့် ထွက်လာပြီး ကွမ်းယာဝယ်နေ သော ရဲနှစ်ဦးကို ပုဏ္ဏက ပြောက်ကျား တပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း ၂၄ တပ်ခွဲ ၁ ၊ မုံရွာခရိုင် တပ်ရင်း၂၅ တပ်ခွဲ ၄ တို့ပူးပေါင်းကာ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရဲ တစ်ဦး ထိမှန်ပြီး ထွက်ပြေးသွားရာ ရဲစခန်းအရောက်သေဆုံးသွားပြီး ကျန်ရဲတစ်ဦးမှ ထိမှန်ခြင်းမရှိပဲ လွတ်မြောက် သွား ကြောင်း သိရသည်။


“ခွေးတွေက နေ့တိုင်းကွမ်းယာထွက်နေကျ၊ အရင်က အခုစားတဲ့ဆိုင်မဟုတ်ဘူး၊ အခုစားတဲ့ဆိုင်ရှေ့က ဆိုင်မှာ ဝယ်နေကြ၊ တစ်ယောက်ကတော့ အတိုပါတယ်ထင်တယ်၊ ကျနော်တို့လဲမြင်ရော သင်္ကာဖြစ်လို့ အစီအစဉ်မကျပဲပစ်ခတ်ခဲ့ရတာ၊ စခန်းကလည်းနီးနေတော့၊ ကျနော်တို့ပစ်လို့ ထိတဲ့တစ်ကောင်ဆိုရင် ကုန်းပြီးပြေးတာ၊ သိပ်တောင်မပြေးနိုင်ဘူး၊ စခန်းရောက်တော့ သေသွားတယ်” ဟု ပုဏ္ဏက ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ထိုသို့တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲများမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်နိုင်မရှိ ပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာပြီးနောက် ရွာထဲသို့ လှည့်ပတ်ဆဲဆိုသောင်း ကျန်းကာ ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ 

No comments:

Post a Comment

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

 ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ ရန်ကုန်၊ စက်တင်ဘာ ၈  ပခုက္ကူမြို့နယ...