Wednesday 24 May 2023

ဒေါလျားခူ နှင့် တနီးလာလဲ တောင်ပေါ်တစ်ကြော ဖြစ်ပွားခဲ့သော တိုက်ပွဲအခြေအနေ စစ်ရေးသတင်းထုတ်ပြန်ခြင်း။



 ဒေါလျားခူ နှင့် တနီးလာလဲ တောင်ပေါ်တစ်ကြော ဖြစ်ပွားခဲ့သော တိုက်ပွဲအခြေအနေ စစ်ရေးသတင်းထုတ်ပြန်ခြင်း။


စာအမှတ် - KNDF/၁/၂၀၂၃ (၀၁၄)


၂၀၂၃ခုနှစ်၊ မေလ၊ (၂၄)ရက်။


ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာတောင်ပေါ်မှ ဒေါလျားခူ ကျေးရွာ တောင်ပေါ်ဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များအား မေလ (၁၄)ရက်နေ့မှစ၍ မိမိတို့ကရင်နီပူးပေါင်းတပ်များမှ တန်ပြန်ချေမှုန်းတိုက်ခိုက်ခဲ့ပါသည်။


ဒေါလျားခူကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခမရ(၄၂၅)၊ ခမရ(၅၁၇)၊ ခလရ(၂၈၇) တပ်ရင်းများအား မေလ(၁၄)ရက်နေ့မှစ၍ ကရင်နီတပ်မတော်(KA)၊ KNDF စစ်ဗျူဟာအမှတ်(၆)၊ KNDF စစ်ဗျူ ဟာအမှတ်(၄)၊ KNDF-ETD၊ KNDF-UAV နှင့် Loikaw PDF တို့ ပူးပေါင်း၍ တန်ပြန်ထိုးစစ်ဆင်ကာ မေလ(၂၃)ရက်နေ့ အထိ ချေမှုန်းတိုက်ခိုက်ခဲ့ပါသည်။


မေလ(၁၄)ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့များအား ဒေါလျားခူကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်မှ မိမိတို့ပူးပေါင်းတပ်များမှ အပြင်းအထန် တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး အဆိုပါရက်ရှည်တိုက်ပွဲအတွင်း စစ်ကောင်စီမှ အထိနာကာ အထိအခိုက်များစွာဖြင့် တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ကြောပေါ်သို့ တဖြည်းဖြည်းဆုတ်ခွာခဲ့ပြီးယနေ့ထိ မိမိတို့ပူးပေါင်းတပ်များ မှ လိုက်လံတိုက်ခိုက်ချေမှုန်းလျက်ရှိပါသည်။


(၁၀)ရက်နီးပါး ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ(၁)ဦး၊ဗိုလ်အဆင့်ရှိသူ(၂)ဦး အပါအဝင် စစ်ကောင်စီတပ်သား(၄၀)နီးပါး သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူလည်းများပြားခဲ့ပါသည်။ ထို့အပြင် ၄င်းတို့အား ဦးဆောင်နေသည့် တပ်ရင်းမှူး နှင့် ယာယီတပ်ရင်းမှူးတစ်ဦးတို့သည် တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာများဖြင့် အနောက်သို့ပြန်ပြေး၍ ဆုတ်ခွာလာကြသော တပ်ဖွဲ့ဝင်များအား လုံးဝဆုတ်ခွာခွင့်မပေးဘဲ ရှေ့သို့အတင်းအကြပ်တက်ခိုင်း၍ လူသားမဆန်သော အမိန့်အာဏာများအား အနောက်မှ

နေ၍အမိန့်ပေးစေခိုင်းပြီး မြေပြင်တိုက်ပွဲများအတွင်း ငယ်သားဗိုလ် နှင့် တပ်သားများအား အသေခံခိုင်းနေသည့် အခြေအနေများကို စစ်ကောင်စီ၏ သက်ဆိုင်ရာ နောက်တန်းတပ်မိသားစုများအား သိရှိစေလိုပါသည်။


တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လွိုင်ကော်၊ ငွေတောင် နှင့် ဖရူဆိုအခြေစိုက်တပ်များမှ နေ့စဉ် လက်နက်ကြီးများ အလွန်အကျွံအသုံးပြု၍ ပစ်ကူပေးခဲ့ပြီး ဂျက်ဖိုက်တာ(Jet Fighter) များဖြင့် အကြိမ်​ ရေ စုစုပေါင်း(၆၀) ထက်မနည်းဗုံးကြဲခြင်း၊ ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ပါသည်။ (၉)ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များထံမှ MA-1 (၈)လက်၊ MA-2(၁)လက်၊ MA-3 (၃)လက်၊ MA-4 (၁)လက်၊ 9mm Pistol (၁)လက်၊ RPG (၂)လက် နှင့် ဆက်စပ်ခဲယမ်းမီးကျောက်များ၊ ဆက်သွယ်ရေးပစ္စည်းများ နှင့် စစ်အသုံးအဆောင်အမြောက်အများ သိမ်းစည်းရရှိခဲ့ပြီး ရန်သူသုံ့ပန်း (၂)ဦး အားအရှင်ဖမ်းဆီးနိုင်ခဲ့ပါသည်။


ဒေါလျားခူ၊ တနီးလာလဲ ကျေးရွာများ၏ တောင်ပေါ်တိုက်ပွဲများအတွင်း KNDF/B01 မှရဲဘော်(၁)ဦး ၊ KNDF/B07 မှ ရဲဘော်(၂)ဦး၊ KNDF/B09 မှ ရဲဘော်(၃)ဦး၊ KNDF/B10 မှ ရဲဘော်(၁)ဦး နှင့် ကရင်နီတပ်မတော်(KA) မှ ရဲဘော်(၁)ဦးမြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ကျဆုံးသွားသော ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် မိမိတို့ KNDF မှ အစဉ်အမြဲလေးစားမှတ်တမ်းတင်သွားမည်ဖြစ်သည်။


ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ဒေါစဲ၊ ဒေါတငူး နှင့် တနီးလာလဲ ကျေးရွာများဖက်သို့ စစ်ကြောင်းထိုးလျက်ရှိသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ၂၀၂၃ခုနှစ်၊ မတ်လမှစတင်၍ ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး ယနေ့  မတ်လ(၂၄)ရက်နေ့အထိ တနီးလာလဲကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် မိမိတို့ပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲများ ဆက်၍ ဖြစ်ပွားနေသောကြောင့် အဆိုပါနေရာများအနီးသို့ ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းများကို တတ်နိုင်သမျှမပြုလုပ်ပါရန် အထူးအလေးပေးတိုက်တွန်းအပ်ပါသည်။


KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန။


ဆက်သွယ်ရန် - ၀၉ ၇၈၈ ၅၄၅ ၂၇၃ ၊ ၀၉ ၇၈၃ ၄၇၄ ၆၅၂ ၊ ၀၉ ၄၂၅ ၅၁၇ ၅၉၄ ၊ ၀၉ ၄၅၇ ၂၉၆ ၄၈၇

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...