Wednesday 24 May 2023

ပခုက္ကူ -ရေစကြိုလမ်းမှာ Non CDM ဆရာ၊ဆရာမ ၆၀ ကျော်ကို PDF တွေ ဖမ်းမိ၊ပျူရွာမှာ နေထိုင်သူတွေပါဝင်ခဲ့ပေမယ့် နောက်ဆုံးအကြိမ် သတိပေးဆုံးမကာ ပြန်လွှတ်ပေးခဲ့


ပခုက္ကူ -ရေစကြိုလမ်းမှာ Non CDM ဆရာ၊ဆရာမ ၆၀ ကျော်ကို PDF တွေ ဖမ်းမိ၊ပျူရွာမှာ နေထိုင်သူတွေပါဝင်ခဲ့ပေမယ့် နောက်ဆုံးအကြိမ် သတိပေးဆုံးမကာ ပြန်လွှတ်ပေးခဲ့

မေ ၂၄၊၂၀၂၃


မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခုက္ကူ -ရေစကြိုကားလမ်းမှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ဆရာ၊ဆရာမ ၆၀ ကျော်ကို PDF တပ်ဖွဲ့က ဖမ်းမိခဲ့ပြီး ပျူရွာတွေမှာ နေထိင်သူတွေပါဝင်ခဲ့ပေမယ့် နောက်ဆုံးအကြိမ်အဖြစ် သတိပေးဆုံးမကာ ပြန်လွှတ်ပေးခဲ့တယ်လို့ Young Force (UG)က မနေ့က ထုတ်ပြန်ပါတယ်။


ပခုက္ကူ -ရေစကြိုကားလမ်းကို ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ဆေးရာမှာ မေ ၁၈ရက် ညနေပိုင်းက ကားသုံးစီးနဲ့ လိုက်ပါလာတဲ့ စစ်အုပ်စု လက်အောက်ခံဝန်ထမ်းတွေဖြစ်တဲ့ Non CDM ဆရာ၊ဆရာမ အယောက် ၆၀ကျော်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။


"ထိန်းသိမ်းဖို့ခက်ခဲတာနဲ့ နေရာအခက်အခဲကြောင့် ဖမ်းမိတဲ့ Non CDM ဆရာ၊ဆရာမတွေကို သတိပေးဆုံးမပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကားသုံးစီးနဲ့ ဖုန်းတွေ သိမ်းယူခဲ့တယ်"လို့ Young Force (UG)ကဆိုပါတယ်။


ကားသုံးစီးနဲ့ပါလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယန္တရား လည်ပတ်စေဖို့ ပါဝင်ပေးနေတဲ့ Non CDM ဆရာ၊ဆရာမ အယောက် ၆၀ကျော်ကို ခေတ္တထိန်းသိမ်းထားခဲ့ပြီးလူများတာရယ်၊ ထိန်းသိမ်းထားဖို့နေရာ အခက်ခဲကြောင့်ခေတ္တထိန်းသိမ်းပြီး ပြန်လွှတ်ပေးခဲ့တာပါ။


အဲဒီဆရာ၊ဆရာမတွေကို လက်ရှိ ဖြစ်ပေါ်နေတဲ့ မတရားအာဏာလုယူခံရမှုနဲ့ဆရာ ဆရာမတို့ထောက်ခံနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ကျေးရွာ‌တွေကိုအကြောင်းမဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်စီးနေကြောင်းကိုလည်း PDFတပ်ဖွဲ့ဝင်တွေက ရှင်းပြလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ CDM ဆရာ၊ဆရာမတွေကို ဖမ်းဆီးနှိပ်စက်ငွေညှစ်တာတွေပြုလုပ်နေကြောင်းနဲ့ နိုင်ငံရေးအသိပညာတွေကို ပြောဆိုဆုံးမပြီးတော့ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် သတိပေးပြီး ပြန်လွှတ်ပေးခဲ့ကာကျောင်းသုံးဆက်စပ်ပစ္စည်းတွေနဲ့ ကားသုံးစီးကိုသိမ်းယူပြလိုအပ်တဲ့နေရာတွေမှာအသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


"ကျောင်းသုံးဆက်စပ်ပစ္စည်းများကိုတော့ လိုအပ်တဲ့ စာသင်ကျောင်းတွေကို ပြန်လည် ခွဲဝေပေးခဲ့ပြီးဖြစ်ပါတယ်။ ရွှေထည်ပစ္စည်းများ လုံးဝသိမ်းယူခဲ့ခြင်း မရှိဘူး "လို့ Young Force UGအဖွဲ့က ပြောပါတယ်။


ဖမ်းမိတဲ့စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်းဆရာ ဆရာမတွေထဲမှာ ပျူရွာအဖြစ်သတ်မှတ်ထားတဲ့ ရွာတွေက ဆရာ ဆရာမတွေပါဝင်ပေမယ့် နောက်ဆုံးအကြိမ်အဖြစ် သက်ညှာပေးကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။


မတရားမှု့ကိုဆန့်ကျင်ပြီး CDM ပြုလုပ်လိုပါက စိစစ်လက်ခံနေဆဲဖြစ်ပြီး လက်နက် ခဲယမ်းတွေ ယူဆောင်လာနိုင်ပါက ထိုက်တန်တဲ့ ဆုငွေလည်း ပေးအပ်သွားမှာဖြစ်တယ်လို့ Young Force (UG) ပခုက္ကူမြို့နယ်(ပကဖ)က သိရပါတယ်။


 #SpringRevolution

#PVTV

#PVTVNews

#PVTV Telegram Channel -

https://t.me/pvtvmyanmar

#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။ 

1 comment:

  1. နောက်ဆုတ် မလွတ်ပေးနဲ့တော့နော်

    ReplyDelete

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...