Thursday 4 May 2023

သုံးနှစ်သမီးနှင့်မိသားစု လွတ်ရက်စေ့ပြီး ဧပြီလကုန်၌ အင်းစိန်ထောင်မှလွတ်မြောက်


 သုံးနှစ်သမီးနှင့်မိသားစု လွတ်ရက်စေ့ပြီး ဧပြီလကုန်၌ အင်းစိန်ထောင်မှလွတ်မြောက်


မိခင်၊ အဘွားဖြစ်သူတို့နှင့်အတူ ဓားစာခံအဖြစ် ဖမ်းဆီးခံရသည့် သုံးနှစ်အရွယ် သမီးငယ်မှာ နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန်ထောင်၌ အချိန် နှစ်နှစ်ကျော် ဖြတ်သန်းခဲ့ရသည်။


အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်သည့် အမှိုက်သိမ်း စည်ပင်ဝန်ထမ်းတစ်ဦးကို ဖမ်းမမိသဖြင့် စစ်ကောင်စီက မိခင်ဖြစ်သူ၊ ဇနီးနှင့် သုံးနှစ်အရွယ် သမီးငယ်တို့ကို ဖမ်းဆီးထောင်ချခဲ့သည်။


လွန်ခဲ့သည့် ဒီဇင်ဘာလက အင်းစိန်ထောင်တွင် အသက် ၄ နှစ်ပြည့်သည့် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ မှာ စစ်ကောင်စီ၏ အကြိမ်ကြိမ် လွတ်ငြိမ်းခွင့်များတွင် မပါဝင်ခဲ့ဘဲ လွတ်ရက်စေ့မှသာ လွတ်မြောက် ခဲ့သည်။


အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၅၀၅-က အတွက် ပြစ်ဒဏ်ကို ထောင် ဒဏ် နှစ်နှစ်မှ သုံးနှစ်အထိ ပြင်ဆင်သတ်မှတ်ခဲ့ကာ ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီးထောင်ချရာ၌ ထိုပုဒ်မ ကို အများဆုံးအသုံးချလေ့ရှိသည်။ 


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ စစ်တပ်က အာဏာ သိမ်းပြီးနောက် လူပေါင်းတစ်သောင်းကျော် ဖမ်းဆီးထောင်ချခံရသည်။


သတင်းအပြည့်အစုံဖတ်ရန် >>> https://myanmar-now.org/mm/news/35721/

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...