Thursday 4 May 2023

မြိုင်မြို့နယ်တွင် စစ်သားများလိုက်လာသည့် Faw ကားကို ပစ်ခတ် တိုက်ခိုက်မှု ၁၀ ဦး သေဆုံး


 မြိုင်မြို့နယ်တွင် စစ်သားများလိုက်လာသည့် Faw ကားကို ပစ်ခတ် တိုက်ခိုက်မှု ၁၀ ဦး သေဆုံး


ရန်ကုန်၊ မေ ၄


မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်သားများလိုက်လာသည့် faw ကားကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေး အင်အားစုများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


မေလ ၄ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် မြိုင်မြို့မှ သရက်ကွ ပျူစောထီးရွာကို ပြန်လာသည့် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော Faw ကားကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း အမှတ် ၁၇ တပ်ခွဲ ၂ မဟာမိတ် တပ်ပေါင်းစု၊ Middle Revolution Task Force (MRTF)၊ RPTF ၊ JRT၊ လျှပ်စီးပြောက်ကြား၊ အညာမြေပြောက်ကျားအဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

1 comment:

  1. never forget our heroes.our peopel don't stop .kill than this militay junta terrorist pigdogs.

    ReplyDelete

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...