Wednesday 3 May 2023

ရွှေကုက္ကိုလ်တိုက်ပွဲမှာ KNU အယောင်ဆောင်ထားတဲ့ သိမ်ဇရပ် ၂၀၇ အမြောက်တပ်က စစ်ဗိုလ် ရန်လင်းအောင် ပစ်ခတ်ခံရပြီး သေဆုံး


ရွှေကုက္ကိုလ်တိုက်ပွဲမှာ KNU အယောင်ဆောင်ထားတဲ့ သိမ်ဇရပ် ၂၀၇ အမြောက်တပ်က စစ်ဗိုလ် ရန်လင်းအောင် ပစ်ခတ်ခံရပြီး သေဆုံး

+++++++++++++

မေ ၃ 


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ် တိုက်ပွဲမျာ KNU အယောင်ဆောင် ဝင်လာတဲ့ သိမ်ဇရပ် ၂၀၇ အမြောက်တပ်က စစ်ဗိုလ် ရန်လင်းအောင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ Kyaihto Information Organization ဆီက သိရပါတယ်။ 


ဧပြီလ ၂၉ ရက်နေ့ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ KNU အယောင်ဆောင် ဝင်လာတဲ့ ကျိုက်ထိုမြို့နယ် သိမ်ဇရပ် ၂၀၇ အမြောက်တပ်က စစ်ဗိုလ် ရန်လင်းအောင်ကို KNU/PDF တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 


"ပြီးခဲ့တဲ့ စနေနေ့က KNU အယောင်ဆောင်ပြီးသွားလို့ အပစ်ခံရတာ ကရင် ပြည်နယ် ရွှေကုက္ကိုလ်မှာပါ"လို့ Kyaihto Information Organization ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ 


သေဆုံးသွားတဲ့ စစ်ဗိုလ် ရန်လင်းအောင်ဟာ သိမ်ဇရပ်မြို့သားဖြစ်သလို သင်တန်းဆင်းပြီးကာစ အရာရှိ တစ်ဦးဖြစ်ပြီး "သိမ်ဇရပ်သား အချင်းချင်းလည်း မညှာဘူး ပစ်မှာပဲ" လို့ ခြိမ်းခြောက် ပြောဆိုလေ့ရှိသူ ဖြစ်ကာ လက်ရှိအချိန်ထိ ရန်လင်းအောင် ရုပ်အလောင်းကို အကြမ်းဖက်စစ်တပ်က လာကောက်ယူတာမရှိသေးဘူးလို့ Kyaihto Information Organization ရဲ့ တာဝန်ရှိသူ တစ်ဦးက ဆက်ပြောပါတယ်။ 

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...