Wednesday 3 May 2023

ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်ရဲစခန်းကို စီးနင်းတိုက်ခိုက်၊ ရဲ ၂ ဦးသေပြီး သေနတ် ၈ လက်ရ


 ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်ရဲစခန်းကို စီးနင်းတိုက်ခိုက်၊  ရဲ ၂  ဦးသေပြီး သေနတ် ၈ လက်ရ


မဇ္ဈိမ။   ။မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပွေးကျစ်ရဲစခန်းကိုတိုက်ခိုက်ရာတွင် ရဲနှစ်ဦး သေဆုံးပြီး သေနတ်ရှစ်လက်ရရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်က သတင်းထုတ်ပြန် ထားသည်။


အဆိုပါ ရဲစခန်းကို မေလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြင်းခြံ ခရိုင်၊ တပ်ရင်း(၃)နှင့်ပူးပေါင်းအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှပြန်လည် ပစ်ခတ် နိုင်ခြင်းမရှိဘဲ ရဲနှစ်ဦးသေဆုံးကာ ရဲတပ်ကြပ်ကြီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု NUG ကာကွယ် ရေးက ဆိုသည်။


ပွေးကျစ်ရဲစခန်းတွင် ရန်သူ့အင်အား ၁၃ ဦးခန့်သာရှိပြီး ရှစ်ဦးတရားရုံးသွားနေချိန်တွင် လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအတွင်းရှိ ရန်သူ့မိသားစုဝင် အမျိုးသမီးနှင့်ကလေးများကို လွှတ် ပေးခဲ့ကြောင်း သိရသည်။


 ပွေးကျစ်ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး G-4  တစ်လက်၊ G-3 နှစ်လက်၊ အူစီ တစ်လက်၊ ခြောက်လုံးပြူး လေးလက်၊ လက်ပစ်ဗုံးရှစ်လုံး၊ ရုံးသုံး Laptop တစ်လုံး၊ ကျင်စက်နှစ်ခု၊ လက်ထိတ်တစ်ခုနှင့် ကျည် ၉၃၅ တောင့်ရရှိခဲ့သည်ဟု NUG ကာကွယ်ရေးက ထုတ်ပြန်သည်။


ရဲစခန်းတိုက်ခိုက်ခြင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင်တပ်ရင်း အမှတ်(၃)၊ ညောင် ဦး PDF ၊ ကျောက်ပန်းတောင်း PDF ၊ ဒီပဲယင်း PDF နှင့် Burmese Guerrilla Force တို့ ပူးပေါင်းစစ် ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။


စာတည်း။  ။စောဖေ


#မန္တလေးတိုင်း

#ကျောက်ပန်းတောင်းမြို့နယ်

#ပွေးကျစ်ရဲစခန်း

#NUG


--------------------- 

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...